
ကော်မရှင်နှင့် ကော်မတီ အသေးစိတ်မိတ်ဆက်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
Myanmar National Human Rights Commission
ဤစာမျက်နှာ၏ မာတိကာ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ကော်မရှင်ပေါ်ပေါက်လာပုံ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် မရှိမဖြစ် လိုအပ်ခြင်းကြောင့် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်းထားသည့် အုပ်ချုပ်မှု အာဏာအရ အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်ဖြင့် ပါရီအခြေခံမူ များနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၅) ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၃၄/၂၀၁၁) ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရေရှည် ခိုင်မာစွာ ရပ်တည်နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ ပါသည်။ ယင်းကဲ့သို့ ရေးဆွဲခဲ့သည့် ဥပဒေကြမ်းကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၁) ဖြင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေအရ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၁၄) ဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၃/၂၀၂၀) ဖြင့် အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၆၈/၂၀၂၃) ဖြင့် ခန့်အပ်တာဝန်ပေးအပ်ခြင်း၊၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၄၇/၂၀၂၄) ဖြင့် အဖွဲ့ဝင် တိုးချဲ့ဖွဲ့စည်းခန့်အပ်ခြင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အမိန့်အမှတ် (၁၆/၂၀၂၅) ဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ခန့်အပ်တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ပြီး နောက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၃၀/၂၀၂၆) ဖြင့် ကော်မရှင် ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းနှင့် အဖွဲ့ဝင် (၁၀) ဦး ပါဝင်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အောက်ပါအတိုင်း အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါသည်-
|
(က) |
ဦးသစ်လင်းအုန်း |
ဥက္ကဋ္ဌ |
|
(ခ) |
ဒေါက်တာ မြင့်သူမြိုင် |
အဖွဲ့ဝင် |
|
(ဂ) |
ဦးဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်း |
အဖွဲ့ဝင် |
|
(ဃ) |
ဦးသန်းဝင်း |
အဖွဲ့ဝင် |
|
(င) |
ဦးတင်ကိုကို |
အဖွဲ့ဝင် |
|
(စ) |
ဦးအုန်းခိုင် |
အဖွဲ့ဝင် |
|
(ဆ) |
ဒေါက်တာ နုနုရီ |
အဖွဲ့ဝင် |
|
(ဇ) |
ဒေါ်စန္ဒာ |
အဖွဲ့ဝင် |
|
(စျ) |
ဒေါက်တာ ဆွေဆွေအောင် |
အဖွဲ့ဝင် |
|
(ည) |
ဒေါတာ တင်ဌေးအိ |
အဖွဲ့ဝင် |
|
(ဋ) |
ဒေါက်တာ ဥမ္မာကျေ |
အဖွဲ့ဝင် |
မျှော်မှန်းချက်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် လူ့အခွင့်အရေးကို လူတိုင်း ရရှိခံစားနိုင်စေရန်။
ရည်ရွယ်ချက်
မြန်မာနိုင်ငံအတွင်း၌ လူ့အခွင့်အရေးမြှင့်တင်ခြင်း နှင့် ကာကွယ်ခြင်းအားဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာ ကျင့်သုံးသည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာစေရန် ။
ရည်မှန်းချက်
ကော်မရှင်၏ မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် တက်ကြွစွာ ဆောင်ရွက်ရန်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် လူ့အခွင့်အရေး အခြေခံဖြင့် ပါဝင်ဆောင်ရွက်ရန်။
ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများ
ရန်ကုန်ရုံး
အမှတ် (၂၇)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း ၀၁၈-၆၅၄၆၈၁၊ ၀၁၈-၆၅၄၆၈၄။
နေပြည်တော် (ရုံးခွဲ)
ဇော်ဂျီလမ်းနှင့် သဇင်လမ်းထောင့်၊ ရွှေကြာပင်ရပ်ကွက်၊ နေပြည်တော်။ ဖုန်း ၀၆၇၃၄၃၂၅၉၃။
မန္တလေး (ရုံးခွဲ)
ကမ်းနားလမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ဒေဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်။ ဖုန်း ၀၂၄၀၃၀၄၈၅။
စစ်တွေ (ရုံးခွဲ)
ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းမကြီးလမ်း၊ ပြည်တော်သာရပ်ကွက်၊ စစ်တွေမြို့။ ဖုန်း ၀၉၂၆၆၇၀၃၈၅၅။
ပုသိမ် (ရုံးခွဲ)
အမှတ် (၁၃) ရပ်ကွက်၊ မဟာစေတီလမ်းမကြီး၊ မြို့နယ်စုပေါင်းရုံး၊ ပုသိမ်မြို့။ ဖုန်း ၀၄၂၂၀၂၉၃၂၇။
Website လိပ်စာ
ဝန်ဆောင်မှုများ
SOURCES & REVIEWရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
ပေါ်တယ်စာရင်းရှိ အဖွဲ့အစည်း ၆ ခုလုံး၏ မိတ်ဆက်စာအပြည့်အစုံ၊ အဖွဲ့ဝင်စာရင်းဇယား ၁ ခုနှင့် တံဆိပ်၊ ဖွဲ့စည်းပုံအပါအဝင် ပုံ ၈ ပုံ ပါဝင်သည်။ စာရွက်စာတမ်း၊ ပြင်ပဝက်ဘ်ဆိုက်နှင့် အွန်လိုင်းဝန်ဆောင်မှုလင့်ခ်များကို ထိန်းသိမ်းထားသည်။ လင့်ခ်ပါဝက်ဘ်ဆိုက်နှင့် ပူးတွဲစာရွက်စာတမ်းများသည် ဤမိတ်ဆက်စာနှင့် သီးခြားဖြစ်သည်။
ပုံများသည် အစိုးရပေါ်တယ်မှ မူရင်းပုံများဖြစ်သည်။ ပုံအတွင်းရှိစာသားကို ဘာသာမပြန်ထားပါ။
Nagani မှ ရယူသည့်ရက် · 2026-10-18
အစိုးရပေါ်တယ် မူရင်း ↗