Contact us
MYANMAR / HLUTTAW PROFILE

လွှတ်တော်အသေးစိတ်

မကွေးတိုင်းဒေသကြီးလွှတ်တော်

Magway Region Hluttaw

အစိုးရပေါ်တယ်၏ ဤလွှတ်တော်မိတ်ဆက်စာပါ အချက်များကို မချန်လှပ်ဘဲ ဖော်ပြထားသည်။ ဘာသာပြန်သည် ကိုးကားရန်ဖြစ်သည်။

Nagani စစ်ဆေးရက် · 2026-10-18မူရင်းဘာသာစကား · အင်္ဂလိပ်
ဤစာမျက်နှာ၏ မာတိကာ

မကွေးတိုင်းဒေသကြီးလွှတ်တော် / Magway Region Hluttaw

တိုင်းဒေသကြီးလွှတ်တော် ဖွဲ့စည်းပုံ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကို ၂၀၁၆ ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ခဲ့သည်။ မြို့နယ် ၂၅ ခုမှ မဲဆန္ဒရှင်များက တစ်မြို့နယ်လျှင် နှစ်ဦးစီ ရွေးချယ်သော ၅၀ ဦး၊ ဒေသရှိတိုင်းရင်းသားများမှအပ နိုင်ငံလူဦးရေ၏ ၀.၁ နှင့်အထက်ရှိသည့်အတွက် ရွေးချယ်သော ချင်းတိုင်းရင်းသား ၁ ဦး [မူရင်းတွင် ရာခိုင်နှုန်းသင်္ကေတ မပါ] နှင့် ရွေးကောက်ခံစုစုပေါင်း၏ သုံးပုံတစ်ပုံအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသော တပ်မတော်သား ၁၇ ဦး၊ စုစုပေါင်း ၆၈ ဦးဖြင့် ဖွဲ့စည်းသည်။

လုပ်ငန်းတာဝန်များ

ရွေးကောက်တင်မြှောက်ခြင်း။

ကိုယ်စားပြုခြင်း။

ဥပဒေပြုခြင်း။

အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့များ၏ လုပ်ငန်းများကို စောင့်ကြည့်ခြင်း။

ပြည်သူ့လူနေမှုအဆင့်အတန်း မြှင့်တင်ရန် လွှတ်တော်ဆောင်ပုဒ်ကို အကောင်အထည်ဖော်ခြင်း။

ဥပဒေကြမ်းတင်သွင်း၍ ဥပဒေအဖြစ် အတည်ပြုခြင်း။

အဆိုတင်သွင်းခြင်းနှင့် မေးခွန်းမေးမြန်းခြင်း။

ပြည်သူသိရှိစေရန် လွှတ်တော်လုပ်ဆောင်ချက်များကို Facebook နှင့် ဝက်ဘ်ဆိုက်တွင် တင်ခြင်း။

အီလက်ထရွန်နစ်အစိုးရ လုပ်ငန်းစဉ်၏ အစိတ်အပိုင်းဖြစ်သော သတင်းအချက်အလက်နည်းပညာ အကောင်အထည်ဖော်ခြင်း။

လွှတ်တော်လုပ်ငန်းအတွက် လိုအပ်သောသတင်းအချက်အလက် ရရှိရန် အီလက်ထရွန်နစ်စာကြည့်တိုက် ဖွင့်လှစ်ခြင်း။

ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရန် သင်တန်းတက်ရောက်နိုင်ရေး ဆောင်ရွက်ခြင်း။

ရည်ရွယ်ချက်များ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းရန်။

ပြည်သူယုံကြည်သော အားကောင်းသည့် ဥပဒေပြုအဖွဲ့အစည်း ဖြစ်ပေါ်ရန်။

လွှတ်တော်ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ဆန္ဒ အကောင်အထည်ဖော်ရန်။

ဥပဒေပြုရေး၊ ကိုယ်စားပြုရေးနှင့် စောင့်ကြည့်ရေးတာဝန်များ ကျေပွန်စွာဆောင်ရွက်ရန်။

ပြည်သူဗဟိုပြုလုပ်ငန်းများကို ပွင့်လင်းမြင်သာ၍ ဖြောင့်မတ်စွာဆောင်ရွက်ရန်။

ချမှတ်ထားသောစံနှုန်းများဖြင့် ပြည်သူ့အခွန်နှင့် ဘဏ္ဍာကို စနစ်တကျ ထိရောက်စွာ သုံးစွဲရန်။

ရည်မှန်းချက်များ

ပြည်သူယုံကြည်သော အားကောင်းသည့် ဥပဒေပြုအဖွဲ့အစည်း ဖြစ်ပေါ်ရန်။

ပြည်သူ့ဆန္ဒအရ ရွေးကောက်ခံကိုယ်စားလှယ်များက ပြည်သူ့အကျိုးအတွက် ဆန္ဒများကို အကောင်အထည်ဖော်ရန်။

ပြည်သူအားထားနိုင်သော ဥပဒေပြုမဏ္ဍိုင်အဖြစ် ဥပဒေကြမ်းရေးဆွဲပြီး ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းရန်။

ပြည်သူ့ဘဏ္ဍာကို ပွင့်လင်းမြင်သာ၍ ထိရောက်စွာသုံးစွဲမှု စောင့်ကြည့်ရန်။

ပြည်သူ့လူမှုဘဝအဆင့်အတန်း ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်သော လွှတ်တော်ဖြစ်ရန်။

မူဝါဒများ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်သူ့ဆန္ဒနှင့်ကိုက်ညီသော ဥပဒေများ အတည်ပြုပြဋ္ဌာန်းရန်။

ပြည်သူ့လူမှုဘဝ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်သောဥပဒေများ ပေါ်ပေါက်ရန် ဆွေးနွေးဆုံးဖြတ်ရန်။

ပြည်သူ့လိုအပ်ချက် ဖြည့်ဆည်းရေးအတွက် အဆိုတင်သွင်း၍ မေးခွန်းမေးမြန်းရန်။

ဝက်ဘ်ဆိုက်

SOURCES & REVIEW

ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်

အစိုးရပေါ်တယ်ရှိ ဤလွှတ်တော်မိတ်ဆက်စာ၏ စာသားအချက်များအားလုံးကို ဖော်ပြထားသည်။ ထပ်နေသောစာသားနှင့် ကိန်းဂဏန်းကွဲလွဲမှုများကိုလည်း မဖယ်ရှားထားပါ။ ပေါ်တယ်မှ လင့်ခ်ချိတ်ထားသည့် အခြားဝက်ဘ်ဆိုက်များ၏ စာမျက်နှာအားလုံး မပါဝင်ပါ။

မူရင်းပြင်ဆင်ရက် — အတည်မပြုနိုင်ပါ
Nagani စစ်ဆေးရက် · 2026-10-18
မူရင်းဘာသာစကား · အင်္ဂလိပ်

ရင်းမြစ်ကို ကြည့်ရန် — Magway Region Hluttaw ↗
← လွှတ်တော်စနစ်လမ်းညွှန်သို့ ပြန်ရန်