Contact us
MYANMAR / HLUTTAW PROFILE

လွှတ်တော်အသေးစိတ်

ပဲခူးတိုင်းဒေသကြီးလွှတ်တော်

Bago Region Hluttaw

အစိုးရပေါ်တယ်၏ ဤလွှတ်တော်မိတ်ဆက်စာပါ အချက်များကို မချန်လှပ်ဘဲ ဖော်ပြထားသည်။ ဘာသာပြန်သည် ကိုးကားရန်ဖြစ်သည်။

Nagani စစ်ဆေးရက် · 2026-10-18မူရင်းဘာသာစကား · အင်္ဂလိပ်
ဤစာမျက်နှာ၏ မာတိကာ

ပဲခူးတိုင်းဒေသကြီးလွှတ်တော် / Bago Region Hluttaw

ဖွဲ့စည်းပုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၁၆၁ အရ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကို အောက်ပါကိုယ်စားလှယ် ၇၆ ဦးဖြင့် ဖွဲ့စည်းသည်။

မြို့နယ် ၂၈ ခုမှ တစ်မြို့နယ်လျှင် နှစ်ဦးစီဖြင့် ရွေးကောက်ခံ ၅၆ ဦး၊ ကိုယ်စားလှယ်တစ်ဦးစီက သက်ဆိုင်ရာမြို့နယ်တစ်ခုလုံးကို ကိုယ်စားပြုသည်။

သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီးသော လူမျိုးများမှအပ ကျန်တိုင်းရင်းသားများအနက် ပြည်ထောင်စုလူဦးရေ၏ ၀.၁ ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း သက်ဆိုင်ရာအာဏာပိုင်က သတ်မှတ်သည့် လူမျိုးမှ ရွေးကောက်ခံ တစ်ဦး။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသော တပ်မတော်သား ၁၉ ဦး။ မူရင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံဟု ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ တိုင်းရင်းသားရေးရာနှင့် လိုအပ်သည့်အခြားကိစ္စများကို လေ့လာတင်ပြရန် တိုင်းဒေသကြီးကိုယ်စားလှယ်များဖြင့် သက်တမ်းကန့်သတ်သည့် ကော်မတီ ၁၀ ခုကို ဖွဲ့စည်းထားသည်။ အောက်ပါအတိုင်းဖြစ်သည်။

တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီ။

တိုင်းရင်းသားရေးရာကော်မတီ။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာရေးရာကော်မတီ။

အစိုးရ၏ အာမခံချက်၊ ကတိနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ။

ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်မြင့်မားရေးကော်မတီ။

ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီ။

စက်မှု၊ လျှပ်စစ်နှင့် ပို့ဆောင်ရေးကော်မတီ။

သဘာဝသယံဇာတ၊ သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ။

လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးကော်မတီ။

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ တာဝန်နှင့် လုပ်ငန်းများ

တာဝန်နှင့် လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်ခြင်း။

ကိုယ်စားပြုခြင်း။

ဥပဒေပြုခြင်း။

အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့များ၏ လုပ်ဆောင်ချက်များကို အပြန်အလှန်ထိန်းညှိခြင်း။

တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပခြင်း။

မူဝါဒနှင့် မျှော်မှန်းချက်များ

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ မူဝါဒနှင့် ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ဥပဒေပြုရေးနှင့် လွှတ်တော်အစည်းအဝေးလုပ်ငန်းစဉ်များ မြှင့်တင်ရန်။

ကော်မတီများ၏ စွမ်းရည်နှင့် စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ တိုးတက်စေရန်။

ကိုယ်စားပြုမှုနှင့် ပြည်သူနှင့်ထိတွေ့ဆက်ဆံမှု လုပ်ငန်းစဉ်များ တိုးတက်စေရန်။

ကိုယ်စားလှယ်များအတွက် ပံ့ပိုးဝန်ဆောင်မှု တိုးတက်စေရန်။

လွှတ်တော်ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရန်။

လုပ်ငန်းဦးတည်ချက်များ

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ လုပ်ငန်းဦးတည်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့များကို စောင့်ကြည့်ရေး၊ ပြည်သူကိုယ်စားပြုရေးတို့ကို ထိရောက်စွာဆောင်ရွက်ရန်။

နောက်လွှတ်တော်များသို့ ကောင်းမွန်သောအမွေအနှစ် လွှဲပြောင်းရန်။

နောက်လွှတ်တော်များ ဆက်လက်ဆောင်ရွက်နိုင်ရန် အောင်မြင်မှုများ ထိန်းသိမ်းရန်။

ပြည်သူ့လိုအပ်ချက်ကို တုံ့ပြန်နိုင်သော ပိုမိုအားကောင်းသည့် လွှတ်တော်တည်ဆောက်ရန်။

ဝက်ဘ်ဆိုက်

SOURCES & REVIEW

ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်

အစိုးရပေါ်တယ်ရှိ ဤလွှတ်တော်မိတ်ဆက်စာ၏ စာသားအချက်များအားလုံးကို ဖော်ပြထားသည်။ ထပ်နေသောစာသားနှင့် ကိန်းဂဏန်းကွဲလွဲမှုများကိုလည်း မဖယ်ရှားထားပါ။ ပေါ်တယ်မှ လင့်ခ်ချိတ်ထားသည့် အခြားဝက်ဘ်ဆိုက်များ၏ စာမျက်နှာအားလုံး မပါဝင်ပါ။

မူရင်းပြင်ဆင်ရက် — အတည်မပြုနိုင်ပါ
Nagani စစ်ဆေးရက် · 2026-10-18
မူရင်းဘာသာစကား · အင်္ဂလိပ်

ရင်းမြစ်ကို ကြည့်ရန် — Bago Region Hluttaw ↗
← လွှတ်တော်စနစ်လမ်းညွှန်သို့ ပြန်ရန်