လွှတ်တော်အသေးစိတ်
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
Sagaing Region Hluttaw
အစိုးရပေါ်တယ်၏ ဤလွှတ်တော်မိတ်ဆက်စာပါ အချက်များကို မချန်လှပ်ဘဲ ဖော်ပြထားသည်။ ဘာသာပြန်သည် ကိုးကားရန်ဖြစ်သည်။
ဤစာမျက်နှာ၏ မာတိကာ
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် / Sagaing Region Hluttaw
တိုင်းဒေသကြီးလွှတ်တော်၏ သက်တမ်း
တိုင်းဒေသကြီးလွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်နှင့် တူညီသည်။ ပြည်သူ့လွှတ်တော်၏ ပထမမျက်နှာစုံညီအစည်းအဝေး စတင်သည့်နေ့မှ ၅ နှစ်ဖြစ်ပြီး ပြည်သူ့လွှတ်တော်သက်တမ်း ကုန်ဆုံးသည့်နေ့တွင် ကုန်ဆုံးသည်။
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဖွဲ့စည်းပုံ
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်။
မြို့နယ် ၃၇ ခုမှ တစ်မြို့နယ်လျှင် နှစ်ဦးစီ၊ စုစုပေါင်း ၇၄ ဦး ရွေးချယ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၆၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၅ ဦး၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ ဦးဖြစ်သည်။ မှတ်ချက် — ထီးချိုင့်မြို့နယ် မဲဆန္ဒနယ် ၁ မှ NLD ကိုယ်စားလှယ် ၁ ဦးနှင့် ကျွန်းလှမြို့နယ် မဲဆန္ဒနယ် ၂ မှ NLD ကိုယ်စားလှယ် ၁ ဦး၊ စုစုပေါင်း ၂ ဦး ကွယ်လွန်ခဲ့သည်။
မူရင်းရေးသားချိန်အထိ ကွယ်လွန်သူကိုယ်စားလှယ်များအစား အစားထိုးမှု မဆောင်ရွက်ရသေးပါ။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီးသူများမှအပ ကျန်တိုင်းရင်းသားများအနက် ပြည်ထောင်စုလူဦးရေ၏ ၀.၁ ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း သက်ဆိုင်ရာအာဏာပိုင်က သတ်မှတ်သည့် လူမျိုးတစ်မျိုးစီမှ ကိုယ်စားလှယ်ရွေးချယ်သည်။ ရှမ်းနှင့် ချင်းတိုင်းရင်းသား ရွေးကောက်ခံ ၂ ဦးရှိသည်။ မူရင်းတွင် “ရွေးကောက်ခံ ၂ ဦး (ရှမ်း၊ ချင်း)” ဟူသောအချက်ကို ထပ်မံရေးသားထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသော တပ်မတော်သားကိုယ်စားလှယ် ၂၅ ဦး။
ဒုတိယအကြိမ်လွှတ်တော်တွင် ပါဝင်သော အဓိကပါတီများ
NLD — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
USDP — မူရင်းတွင် United Solidarity Development Party ဟု ရေးထားသည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ။
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ အကြီးအကဲများ
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ — ဦးသန်း (U Than)။
မဲဆန္ဒနယ် — ကသာမြို့နယ် အမှတ် ၁။
ကိုယ်စားပြုပါတီ — NLD၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ — ဦးဘိုးသန်းညွန့် (U Boe Than Nyunt)။
မဲဆန္ဒနယ် — အင်းတော်မြို့နယ် အမှတ် ၁။
ကိုယ်စားပြုပါတီ — NLD၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကော်မတီဖွဲ့စည်းပုံ
ဥပဒေပြုရေးကော်မတီ — ၁၃ ဦး။
တိုင်းရင်းသားရေးရာကော်မတီ — ၁၀ ဦး။
ကိုယ်စားလှယ်စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးကော်မတီ — ၈ ဦး။
စီမံကိန်းနှင့် ဘဏ္ဍာရေးကော်မတီ — ၁၃ ဦး။
တရားဥပဒေစိုးမိုးရေး၊ တရားရေးနှင့် ဥပဒေရေးရာကော်မတီ — ၁၃ ဦး။
အစိုးရ၏ အာမခံချက်၊ ကတိနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ — ၈ ဦး။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ — ၁၄ ဦး။
စက်မှုနှင့် လျှပ်စစ်စွမ်းအားကော်မတီ — ၈ ဦး။
ပြုပြင်ပြောင်းလဲရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ — ၁၂ ဦး [မူရင်းတွင် Transformation ဟု ရေးထား]။
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စည်ပင်သာယာရေးကော်မတီ — ၁၀ ဦး။
ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးပျူငှာမှုကော်မတီ — ၁၂ ဦး [မူရင်းတွင် Courtesy ဟု ရေးထား]။
အထူးကိစ္စရပ်များ စိစစ်ရေးနှင့် သုတေသနကော်မတီ — ၁၀ ဦး။
၂၀၁၉ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖွဲ့စည်းသည်။
တာဝန်နှင့် လုပ်ငန်းများ
ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်ခြင်း။
ပြည်သူကို ကိုယ်စားပြုခြင်း။
ဥပဒေပြုခြင်း။
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို အပြန်အလှန်ထိန်းညှိခြင်း။
လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပခြင်း။
မျှော်မှန်းချက်
ကိုယ်စားလှယ်များနှင့် လွှတ်တော်ကော်မတီများ၏ စွမ်းရည်မြှင့်တင်၍ ဒေသပြည်သူတို့၏ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းအေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးကို ထိရောက်စွာ ပံ့ပိုးသည့် ပြည်သူဗဟိုပြုလွှတ်တော် ဖွံ့ဖြိုးစေရန်။
မူဝါဒ
လွတ်လပ်သော အချုပ်အခြာအာဏာ။
နိုင်ငံသားများ၏ တန်းတူညီမျှမှုကို လေးစားခြင်း။
ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တာဝန်ယူမှု။
ဘက်မလိုက်မှု။
အခွန်နှင့် ပြည်သူ့ဘဏ္ဍာကို ထိရောက်အကျိုးရှိစွာ အသုံးပြုခြင်း။
လုပ်ငန်းဦးတည်ချက်
ပြည်သူ့လိုအပ်ချက် ဖြည့်ဆည်းရန် အပြန်အလှန်ထိန်းညှိခြင်းဖြင့် ထိရောက်သော ဥပဒေပြုရေးဆောင်ရွက်ပြီး ပြည်သူကတန်ဖိုးထားသော မဏ္ဍိုင်ဖြစ်ရန်။
ဝက်ဘ်ဆိုက်
SOURCES & REVIEWရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
အစိုးရပေါ်တယ်ရှိ ဤလွှတ်တော်မိတ်ဆက်စာ၏ စာသားအချက်များအားလုံးကို ဖော်ပြထားသည်။ ထပ်နေသောစာသားနှင့် ကိန်းဂဏန်းကွဲလွဲမှုများကိုလည်း မဖယ်ရှားထားပါ။ ပေါ်တယ်မှ လင့်ခ်ချိတ်ထားသည့် အခြားဝက်ဘ်ဆိုက်များ၏ စာမျက်နှာအားလုံး မပါဝင်ပါ။
မူရင်းပြင်ဆင်ရက် — အတည်မပြုနိုင်ပါ
Nagani စစ်ဆေးရက် · 2026-10-18
မူရင်းဘာသာစကား · အင်္ဂလိပ်