Contact us
MYANMAR / HLUTTAW PROFILE

လွှတ်တော်အသေးစိတ်

အမျိုးသားလွှတ်တော်

House of Nationalities

အစိုးရပေါ်တယ်၏ မူရင်းခေါင်းစဉ်နှင့် စာသားအချက်များအားလုံးကို ထိန်းသိမ်း၍ ဖတ်ရလွယ်အောင် စီစဉ်ထားသည်။

Nagani စစ်ဆေးရက် · 2026-10-18မူရင်းဘာသာစကား · မြန်မာ
ဤစာမျက်နှာ၏ မာတိကာ

အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းပါသည် -

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၄ ဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး။

သက်တမ်း

အမျိုးသားလွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီဖြစ်သည်။

လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၂၀၉) ဦး

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည်-

(က) အမျိုးသားလွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်။

(ခ) အမျိုးသားလွှတ်တော် အစည်းအဝေးသို့တက်ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားရမည်။

(ဂ)အမျိုးသားလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲအကြောင်းအရာတစ်ရပ်ရပ် နှင့်စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များကို အမျိုးသားလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရှင်းလင်းတင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်။

(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များ ဆောင်ရွက်ရမည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်း

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် -

(က) အသက် ၃၀ နှစ်ပြည့်ပြီးသူများဖြစ်ရမည်၊

(ခ) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောနိုင်ငံသားဖြစ်သူ၊

(ဂ) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်အချိန်နှင့်တစ်ဆက်တည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အနည်းဆုံး (၁၀)နှစ် အခြေချနေထိုင်ခဲ့သူ၊

ခြွင်းချက်။ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။

(ဃ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည်စုံသူ။

အပြည့်အစုံသိရှိလိုပါက www.amyothahluttaw.hluttaw.mm သို့ ဝင်ရောက်ကြည့်ရူနိုင်ပါသည်။

ဝန်ဆောင်မှုများ

၁။ လွှတ်တော်လုပ်ငန်းစဉ်နှင့် ပတ်သက်သည့်ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း

SOURCES & REVIEW

ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်

အစိုးရပေါ်တယ်ရှိ ဤလွှတ်တော်မိတ်ဆက်စာ၏ စာသားအချက်များအားလုံးကို ဖော်ပြထားသည်။ ထပ်နေသောစာသားနှင့် ကိန်းဂဏန်းကွဲလွဲမှုများကိုလည်း မဖယ်ရှားထားပါ။ ပေါ်တယ်မှ လင့်ခ်ချိတ်ထားသည့် အခြားဝက်ဘ်ဆိုက်များ၏ စာမျက်နှာအားလုံး မပါဝင်ပါ။

မူရင်းပြင်ဆင်ရက် — အတည်မပြုနိုင်ပါ
Nagani စစ်ဆေးရက် · 2026-10-18
မူရင်းဘာသာစကား · မြန်မာ

ရင်းမြစ်ကို ကြည့်ရန် — House of Nationalities ↗
← လွှတ်တော်စနစ်လမ်းညွှန်သို့ ပြန်ရန်