
အဖွဲ့အစည်းအသေးစိတ်
ပို့ဆောင်ရေးဝန်ကြီးဌာန
Ministry of Transport
ဤစာမျက်နှာ၏ မာတိကာ
ဖော်ပြထားသော မိတ်ဆက်စာ
ပို့ဆောင်ရေးဝန်ကြီးဌာနသမိုင်းကြောင်း
၁။ ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အချိန်တွင် ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းများကို ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာနမှ တာဝန်ယူ၍ ဌာန၊ အဖွဲ့အစည်း ၅ ခုဖြင့် စတင်ဖွဲ့စည်း ခဲ့ပါသည်။
၂။ ၁၉၆၁ ခုနှစ်တွင် ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာနနှင့် သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးဝန်ကြီးဌာန ၂ ခုကို ပေါင်းစည်း၍ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းကာ အောက်ပါဌာနများဖြင့် ပြင်ဆင်ဖွဲ့ စည်းခဲ့ပါသည်-
(က)ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့
(ခ) ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့
(ဂ)ရေကြောင်းဌာန
(ဃ)ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေးဘုတ်အဖွဲ့
(င)မြို့ပြလေကြောင်းဌာန
(စ)မီးရထားအုပ်ချုပ်ရေးဘုတ်အဖွဲ့
(ဆ)မိုးလေဝသဌာန
(ဇ)စာတိုက်နှင့်ကြေးနန်းဌာန
(ဈ)မြန်မာနိုင်ငံကြယ်ငါးပွင့်သင်္ဘောသယ်ယူပို့ဆောင်ရေးလုပ်ငန်း
(ည)ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့
၃။ ထိုမှတဖန် ၁၉၇၂ ခုနှစ်တွင် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများကို ကော်ပိုရေးရှင်းအမည် များဖြင့် ပြောင်းလဲ၍လည်းကောင်း၊ ဝန်ကြီးဌာနကိုလည်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဟူ၍ လည်းကောင်း ပြင်ဆင်၍ လုပ်ငန်းဌာနပေါင်း (၁၇)ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။
၄။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ရေကြောင်းပညာသိပ္ပံကျောင်းကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ထည့်သွင်းဖွဲ့စည်းခဲ့သည်။
ဝန်ကြီးဌာန (၃)ခု ပြင်ဆင်ဖွဲ့စည်း
၅။ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၁၉၉၂) ၏ သဘောတူ ဆုံးဖြတ်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန နှင့်ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၃) ခုအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန
၆။ပို့ဆောင်ရေးဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန (၄) ခု၊ စီးပွားရေးအဖွဲ့စည်း (၅) ခု၊ ကျောင်း(၁) ကျောင်း၊ စုစုပေါင်းဌာန(၁၀) ခု ပါဝင်ခဲ့ပါသည်။ ၎င်းတို့မှာ-
(က) ပို့ဆောင်ရေးဦးစီးဌာန
(ခ) လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
(ဂ) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
(ဃ) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
(င) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
(စ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
(ဆ) မြန်မာ့လေကြောင်း
(ဇ) မြန်မာ့သင်္ဘောကျင်းလုပ်ငန်း
(ဈ) မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း
(ည) ရေကြောင်းပညာသိပ္ပံ တို့ဖြစ်ပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၇။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန(၂)ခု၊ စီးပွားရေးအဖွဲ့စည်း (၂)ခု၊ ကျောင်း (၁) ကျောင်း၊ စုစုပေါင်းဌာန (၅)ခု ပါဝင်ခဲ့ပါသည်။ ၎င်းတို့မှာ-
(က) ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန
(ခ) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
(ဂ) မြန်မာ့မီးရထား
(ဃ)ကုန်းလမ်းပို့ဆောင်ရေး
(င) ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း တို့ဖြစ်ပါသည်။
ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
၈။ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန(၂) ခု၊ စီးပွားရေး အဖွဲ့အစည်း(၁) ခု၊ စုစုပေါင်းဌာန (၃) ခု ပါဝင်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-
(က) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
(ခ) ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
(ဂ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့ဖြစ်ပါသည်။
လွှဲပြောင်းဖွဲ့စည်း
၉။၁၉၉၉ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃၀/၁၉၉၉) ၏ သဘောတူဆုံးဖြတ်ချက်အရ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အား ၁၉၉၉ ခုနှစ်၊ သြဂုတ်လ(၂၀) ရက်နေ့မှစ၍ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန မှ ပို့ဆောင်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းဖွဲ့စည်းခဲ့ပါသည်။
တိုးချဲ့ ထည့်သွင်း
၁၀။ ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၀၂) ၏ သဘောတူဆုံးဖြတ်ချက်အရ သြဂုတ်လ (၁) ရက်နေ့တွင် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်ကို စတင်ဖွဲ့စည်းတည်ထောင်၍ ပို့ဆောင်ရေးဝန်ကြီးဌာနတွင် တိုးချဲ့ ထည့်သွင်း ဖွဲ့စည်းခဲ့ပါသည်။
အဆင့်မြှင့်
၁၁။ ၂၀၀၉ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၀၉) ၏ ဆုံးဖြတ်ချက်အရ ရေကြောင်းပညာသိပ္ပံမှ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်အဆင့်သို့ အဆင်မြှင့်တင် ဖွင့်လှစ်ခဲ့ပါသည်။
လွှဲပြောင်းပေးအပ်
၁၂။ ၂၀၁၀ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းအား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၏ ၂၀၁၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက် နေ့စွဲပါစာအမှတ်၊ ၄၁၅/၃-၂/နယက လမ်းညွှန်ချက်အရ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်သို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။
ဝန်ကြီးဌာနအမည်ပြောင်း
၁၃။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ ၉-၁၁-၂၀၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၁၂)ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန အဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
မြန်မာအမျိုးသားလေကြောင်း ကုမ္ပဏီလီမိတက်
၁၄။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၁၅)မှ သဘောတူညီချက်အရ မြန်မာအမျိုးသားလေကြောင်း နည်းဥပဒေအား ပို့ဆောင်ရေးဝန်ကြီးဌာန၏ ၁၁-၁၂-၂၀၁၅ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၂၃၁/၂၀၁၅)ဖြင့်ထုတ်ပြန်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၄-၅-၂၀၁၅ ရက်နေ့စွဲပါ အမိန့် ကြော်ငြာစာအမှတ်(၇၀/၂၀၁၅)ဖြင့် မြန်မာ့လေကြောင်းပိုင်ပစ္စည်းများအားလုံးနှင့် လုပ်ငန်းတာဝန် များကို မြန်မာအမျိုးသားလေကြောင်း(မြန်မာအမျိုးသားလေကြောင်းကုမ္ပဏီလီမိတက်)သို့ လွှဲပြောင်း ဆက်ခံခွင့်ပြုခဲ့ပါသည်။
ဦးစီးဌာန ၂ ခုကို ဖျက်သိမ်း၍ အမြဲတမ်းအတွင်းဝန်ရုံးများဖွဲ့စည်း
၁၅။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၅-၁-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ (၅၉/၂၀၁၅)အရ ပို့ဆောင်ရေးဦးစီးဌာနအား ဖျက်သိမ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၇-၉-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ၁၂၂၀/ ၂၅၂- အတွင်းဝန်/ အဖရ (၂၀၁၄)အရ အမြဲတမ်းအတွင်းဝန်ရုံးအဖြစ် ၂၀၁၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ စတင်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၁၆။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅) အရ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအား ဖျက်သိမ်း၍ (၁-၄-၂၀၁၅) ရက်နေ့တွင် ဝန်ထမ်း (၁၃၀) ဦးအား အမြဲတမ်းအတွင်းဝန်ရုံးသို့ သွတ်သွင်းခြင်းဖြင့်လည်းကောင်း၊ ကျန်ဝန်ထမ်းများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ သွတ်သွင်းပေါင်းစည်းခြင်းဖြင့် လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ဝန်ကြီးဌာန(၃)ခုကို ပေါင်းစည်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ်ဖွဲ့စည်း
၁၇။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၆ ရက်စွဲပါ အမိန့် အမှတ်(၃/၂၀၁၆)ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (၃) ခုကို ပေါင်းစည်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြည်ထောင်စုဝန်ကြီးဌာန အမည်ကို ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
ပြန်လည်ဖွဲ့စည်း
၁၈။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၂၀)၏ သဘောတူ ခွင့်ပြုချက်ဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၃၀-၇-၂၀၂၀ ရက်စွဲပါစာအမှတ်၊ ပဆ-၁/ဝထ(ဖွဲ့စည်းပုံ)/၂၀၂၀(၂၅၀)၊ အမိန့်ကြော်ငြာစာအမှတ် (၁၇၅/၂၀၂၀)အရ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနကို ၁-၈-၂၀၂၀ ရက်နေ့မှစ၍ ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။
ဖျက်သိမ်း
၁၉။၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၃) အရ ကုန်းလမ်းပို့ဆောင်ရေးဌာနအား ဖျက်သိမ်းခဲ့ပါသည်။
၂၀။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် အောက်ပါ အတိုင်း ဦးစီးဌာန (၈)ခု၊ စီးပွားရေးအဖွဲ့အစည်း (၇)ခုနှင့် ကျောင်း (၃)ကျောင်း၊ စုစုပေါင်း ဌာန/အဖွဲ့ အစည်း/ကျောင်း (၁၈) ခု ဖြင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်-
(က)ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊
(ခ)ကုန်းလမ်းပို့ဆောင်ရေးssညွှန်ကြားမှုဦးစီးဌာန၊
(ဂ)ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
(ဃ)လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
(င)ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊
(စ)ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
(ဆ) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊
(ဇ)သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊
(ဈ) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊
(ည) မြန်မာ့မီးရထား၊
(ဋ)ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊
(ဌ)မြန်မာအမျိုးသားလေကြောင်း၊
(ဍ)မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊
(ဎ)မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊
(ဏ) မြန်မာ့စာတိုက်လုပ်ငန်း၊
(တ) မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊
(ထ) မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊
(ဒ) ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း။
ဝန်ကြီးဌာန ၂ ခု ပြင်ဆင်ဖွဲ့စည်း
၂၁။၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၅/၂၀၂၆)ဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကို ပို့ဆောင်ရေးဝန်ကြီးဌာနနှင့်ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန(၂) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
၂၂။ပို့ဆောင်ရေးဝန်ကြီးဌာနတွင် လက်ရှိ၌ ဦးစီးဌာန (၆) ခု၊ စီးပွားရေးအဖွဲ့အစည်း (၅) ခုနှင့် ကျောင်း(၃)ကျောင်း၊ စုစုပေါင်း ဌာန/အဖွဲ့အစည်း/ကျောင်း (၁၄) ခု ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်-
(က)ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊
(ခ)ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
(ဂ)ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
(ဃ)လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
(င) ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
(စ) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊
(ဆ) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊
(ဇ) မြန်မာ့မီးရထား၊
(ဈ)ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊
(ည)မြန်မာအမျိုးသားလေကြောင်း၊
(ဋ) မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊
(ဌ)မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊
(ဍ)မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊
(ဎ)ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း။
ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ပြည်ထောင်စုဝန်ကြီးများ
၂၃။လွတ်လပ်ရေးအကြိုကာလများ၌ လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဝန်ကြီးမှာ စောစံဖိုးသင်း ဖြစ်ပြီး ပထမအတွင်းဝန် ဦးစိုးတင့် နှင့် ဒုတိယအတွင်းဝန်မှာ ဗိုလ်ချုပ်အောင်ဆန်း တို့နှင့်အတူ လုပ်ကြံခံခဲ့ရသည့် အာဇာနည် ခေါင်းဆောင်ကြီး ဦးအုန်းမောင် ဖြစ်ပါသည်။
၂၄။ ၁၉၈၈ ခုနှစ် နောက်ပိုင်း တာဝန်ယူဆောင်ရွက်ခဲ့ကြသော ဝန်ကြီးဌာန အကြီးအကဲ ပြည်ထောင်စုဝန်ကြီးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
|
စဉ် |
ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန |
|
|
ကာလ |
အမည် |
|
|
က |
၁၉၈၈ စက်တင်ဘာလ မှ ၁၉၉၂ စက်တင်ဘာလ ထိ |
ဒုတိယဗိုလ်ချုပ်ကြီးတင်ထွန်း |
၂၅။ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့ ပြင်ဆင်ဖွဲ့စည်းပြီးနောက် တာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်ထောင်စုဝန်ကြီးများ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
|
စဉ် |
ပို့ဆောင်ရေးဝန်ကြီးဌာန |
ရထားပို့ဆောင်ရေးဝန်ကြီးဌာန |
||
|
ကာလ |
အမည် |
ကာလ |
အမည် |
|
|
က |
၁၉၉၂ စက်တင်ဘာလမှ ၁၉၉၇ နိုဝင်ဘာလ ထိ |
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဝင်း |
၁၉၉၂ ဖေဖော်ဝါရီလ ၂၉ ရက် မှ ၁၉၉၇ ဒီဇင်ဘာလ ၃၁ ရက် ထိ |
ဦးဝင်းစိန် |
|
ခ |
၁၉၉၇ နိုဝင်ဘာလ မှ ၁၉၉၈ နိုဝင်ဘာလ ထိ |
ဒုတိယဗိုလ်ချုပ်ကြီး တင်ငွေ |
၁၉၉၈ ဇန်နဝါရီလ ၁ ရက် မှ ၂၀၀၃ ဇန်နဝါရီလ ၃၁ ရက် ထိ |
ဦးပန်းအောင် |
|
ဂ |
၁၉၉၈ နိုဝင်ဘာလ မှ ၂၀၀၄ စက်တင်ဘာလ ထိ |
ဗိုလ်ချုပ် လှမြင့်ဆွေ |
၂၀၀၃ ဖေဖော်ဝါရီလ ၁ ရက် မှ ၂၀၁၂ စက်တင်ဘာလ ၁၁ ရက် ထိ |
ဦးအောင်မင်း |
|
ဃ |
၂၀၀၄ စက်တင်ဘာလ ၁၈ ရက်မှ ၂၀၁၁ မတ်လ ၃၀ ရက်ထိ |
ဗိုလ်ချုပ် သိန်းဆွေ |
၂၀၁၂ စက်တင်ဘာလ ၁၁ ရက် မှ ၂၀၁၃ ဇူလိုင်လ ၂၄ ရက် ထိ |
ဦးဇေယျာအောင် |
|
င |
၂၀၁၁ မတ်လ ၃၁ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက် ထိ |
ဦးဉာဏ်ထွန်းအောင် |
၂၀၁၃ ဇူလိုင်လ ၂၅ ရက် မှ ၂၀၁၅ ဩဂုတ်လ ၁၆ ရက် ထိ |
ဦးသန်းဌေး |
|
၂၀၁၅ ဩဂုတ်လ ၁၇ ရက် မှ ၂၀၁၆ မတ်လ ၃၁ ရက် ထိ |
ဦးဉာဏ်ထွန်းအောင် (ပူးတွဲတာဝန်) |
|||
၂၆။ နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၆ ရက်စွဲပါ အမိန့် အမှတ်(၃/၂၀၁၆)ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် အမည်ကို ပြောင်းလဲသတ်မှတ်ခဲ့ပြီးနောက် တာဝန်ထမ်းဆောင်ခဲ့ ကြသော ပြည်ထောင်စုဝန်ကြီးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
|
စဉ် |
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန |
|
|
ကာလ |
အမည် |
|
|
က |
၂၀၁၆ မတ်လ ၃၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်ထိ |
ဦးသန့်စင်မောင် |
|
ခ |
၂၀၂၁ ဖေဖော်ဝါရီလ ၃ ရက်မှ ၂၀၂၃ သြဂုတ်လ ၂ ရက်ထိ |
ဗိုလ်ချုပ်ကြီးတင်အောင်စန်း |
|
ဂ |
၂၀၂၃ သြဂုတ်လ ၃ ရက်မှ ၂၀၂၆ ဧပြီလ ၉ ရက်နေ့ထိ |
ဗိုလ်ချုပ်ကြီးမြထွန်းဦး |
၂၇။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး နောက် ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြထွန်းဦးမှ ဆက်လက် တာဝန်ယူ၍ ယနေ့အချိန်အထိ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများစာရင်း
|
စဉ် |
အမည် |
တာဝန်ယူသည့်နေ့ |
အမိန့်အမှတ် |
|
၁ |
ဦးမြထွန်းဦး |
၁၀-၄-၂၀၂၆ |
နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၅/၂၀၂၆ အရ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်သည်။ |
|
၂ |
ဦးအောင်မြိုင် |
၁၀-၄-၂၀၂၆ |
နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၆/၂၀၂၆ အရ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်သည်။ |
|
၃ |
ဦးထွန်းလူ |
၁၀-၄-၂၀၂၆ |
နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၆/၂၀၂၆ အရ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်သည်။ |




SOURCES & REVIEWရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
အမျိုးအစား ၈ ခုနှင့် အဖွဲ့အစည်း ၅၀ ၏ ပေါ်တယ်ပါစာသား၊ ဇယား၊ ပုံနှင့်လင့်ခ်များကို ထည့်သွင်းထားသည်။ ပြင်ပဌာနဝက်ဘ်ဆိုက်များနှင့် ပူးတွဲစာရွက်စာတမ်းများ၏ အကြောင်းအရာအပြည့်အစုံ မပါဝင်ပါ။
ပုံများသည် အစိုးရပေါ်တယ်မှ မူရင်းပုံများဖြစ်သည်။ ပုံအတွင်းရှိစာသားကို ဘာသာမပြန်ထားပါ။
Nagani မှ ရယူသည့်ရက် · 2026-10-18
အစိုးရပေါ်တယ် မူရင်း ↗