
အဖွဲ့အစည်းအသေးစိတ်
သမ္မတရုံးဝန်ကြီးဌာန
Ministry of President Office
ဤစာမျက်နှာ၏ မာတိကာ
ဖော်ပြထားသော မိတ်ဆက်စာ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနဖြစ်ပေါ်လာပုံနှင့် သမိုင်းအကျဉ်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၇/၂၀၂၄ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁)၊ (၂) ၊ (၃) နှင့် (၄) အဖြစ် ၁-၂-၂၀၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် (၃/၂၀၂၅) ဖြင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁)၊ (၂)၊ (၃)၊ (၄) အဖြစ် ၃၁-၇-၂၀၂၅ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၁၀-၄-၂၀၂၆ ရက်စွဲပါ အမိန့်အမှတ် (၁/၂၀၂၆) ဖြင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၁၀-၄-၂၀၂၆ ရက်စွဲပါ အမိန့်အမှတ် (၅/၂၀၂၆) ဖြင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်အောင်စန်းအား တာဝန်ပေးခန့်အပ်ခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၁၀-၄-၂၀၂၆ ရက်စွဲပါ အမိန့်အမှတ် (၁၆/၂၀၂၆) ဖြင့် ဦးထင်ကျော်သူအား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေး ခန့်အပ်ခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၂-၄-၂၀၂၆ ရက်စွဲပါ အမိန့်အမှတ် ၄၇/ ၂၀၂၆ ဖြင့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်သမ္မတရုံးတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ် များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း အား အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေး ခန့်အပ်ခဲ့ပါသည်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် အခွန်အယူခံခုံအဖွဲ့ရုံးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနတို့အား ဖွဲ့စည်းထားရှိပါသည်။ အခွန်အယူခံခုံ အဖွဲ့ရုံးသည် အခွန်အယူခံခုံအဖွဲ့အား အထောက်အကူပြုလျက်ရှိပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနအနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအား အထောက်အကူပြုလျက် ရှိပါသည်။
အခွန်အယူခံခုံအဖွဲ့၏ မျှော်မှန်းချက် (Vision)
ပွင့်လင်းမြင်သာပြီး မျှတမှန်ကန်သည့် အခွန်အယူခံစနစ်ဖြင့်နိုင်ငံသားနှင့် အခွန်ထမ်းများ၏ ယုံကြည် အားထားမှုကို မြှင့်တင်ရန်။
အခွန်အယူခံခုံအဖွဲ့၏ ရည်မှန်းချက် (Mission)
၁။ပြည်ထောင်စုအစိုးရက စည်းကြပ်ကောက်ခံသည့် အခွန်အကောက်အမျိုးမျိုးအပေါ် အယူခံပိုင်ခွင့် နှင့်အညီ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ အပါအဝင် အခွန်ထမ်းဆောင်သူများက တင်သွင်းလာသည့် အမှုများကို လွတ်လပ်စွာ ကြားနာစစ်ဆေးပြီး ဥပဒေနှင့်အညီ မျှတစွာ စီရင်ဆုံးဖြတ်ရန်၊
၂။နိုင်ငံသားနှင့် အခွန်ထမ်းတိုင်းက ဥပဒေနှင့်အညီ အခွန်ပေးဆောင်ရာ၌ တရားမျှတမှု၊ ခုခံချေပ နိုင်မှုနှင့် အခွန်အယူခံနိုင်မှု အခွင့်အရေးများ အပြည့်အဝ ရရှိစေရေးအတွက် ကာကွယ်စောင့်ရှောက် ပေးရန်၊
၃။စွမ်းဆောင်ရည်မြင့်မားသည့် အခွန်စီမံခန့်ခွဲမှု ယန္တရားတစ်ရပ် စဉ်ဆက်မပြတ် ဖြစ်တည်နေစေရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အထောက်အကူပေးရန်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ မျှော်မှန်းချက် (Vision)
“ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးအသိုက်အဝန်းတည်ဆောက်ရန်”
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ ရည်မှန်းချက် (Mission)
၁။နိုင်ငံတော်မူဝါဒများနှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သော ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရေး။
၂။စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် ယုံကြည်မှုတည်ဆောက်ပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေး။
၃။တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးလာရေး။
Website လိပ်စာ
SOURCES & REVIEWရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
အမျိုးအစား ၈ ခုနှင့် အဖွဲ့အစည်း ၅၀ ၏ ပေါ်တယ်ပါစာသား၊ ဇယား၊ ပုံနှင့်လင့်ခ်များကို ထည့်သွင်းထားသည်။ ပြင်ပဌာနဝက်ဘ်ဆိုက်များနှင့် ပူးတွဲစာရွက်စာတမ်းများ၏ အကြောင်းအရာအပြည့်အစုံ မပါဝင်ပါ။
ပုံများသည် အစိုးရပေါ်တယ်မှ မူရင်းပုံများဖြစ်သည်။ ပုံအတွင်းရှိစာသားကို ဘာသာမပြန်ထားပါ။
Nagani မှ ရယူသည့်ရက် · 2026-10-18
အစိုးရပေါ်တယ် မူရင်း ↗