
အဖွဲ့အစည်းအသေးစိတ်
ကျန်းမာရေးဝန်ကြီးဌာန
Ministry of Health
ဤစာမျက်နှာ၏ မာတိကာ
ဖော်ပြထားသော မိတ်ဆက်စာ
ကျန်းမာရေးဝန်ကြီးဌာန
ရည်မှန်းချက်
(က) လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး
(ခ) လူတိုင်းရောဂါဘယကင်းရှင်းရေး
အဓိကရည်မှန်းချက်များအားအောင်မြင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နည်းဗျူဟာများ
(က) ကျေးလက်ကျန်းမာရေးဒေသအောက်ခြေအထိကျန်းမာရေးအသိပညာပေးခြင်း
(ခ) ရောဂါကာကွယ်တားဆီးခြင်း
(ဂ) ရောဂါဖြစ်ပွားလျှင် ထိရောက်စွာကုသမှုပေးခြင်း
ကျန်းမာရေးဝန်ကြီးဌာနသည် လူတိုင်းကျန်းမာကြံ့ခိုင်စွာဖြင့် သက်တမ်းပြည့် နေထိုင်နိုင်ရေးအတွက် အဆင့်အတန်းမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခုလိုဆောင်ရွက်ရာတွင် ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာကုသပေးခြင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ခြင်း၊ ဆေးသုတေသနလုပ်ငန်းများ၊ တိုင်းရင်းဆေးပညာ တိုးတက်မြင့်မားစေရေးလုပ်ငန်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများတို့ကို ဦးစီးဌာန(၆)ခုဖြင့် အထူး အလေးပေးပြီး စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် လူတိုင်း သက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးဆိုသည့် ရည်မှန်းချက် (၂)ရပ်ကို ပြည့်မီစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိရာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တွေ့ရှိခဲ့ရသည့် အားသာချက်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ပြီး အားနည်းချက်များကို ပြင်ဆင်ဆောင် ရွက်ကာ စာမျက်နှာသစ်ကို ပိုမိုလှပစေရန်၊ နိုင်ငံတော်၏ ရည်မှန်းချက်များ အောင်မြင် စေရန်နှင့် ကျန်းမာရေးအဆင့်အတန်း ယခုထက်ပိုမိုကောင်းမွန်လာပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအဆောက်အအုံဖြစ်စေရန် မိမိတို့ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
Website လိပ်စာ
SOURCES & REVIEWရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
အမျိုးအစား ၈ ခုနှင့် အဖွဲ့အစည်း ၅၀ ၏ ပေါ်တယ်ပါစာသား၊ ဇယား၊ ပုံနှင့်လင့်ခ်များကို ထည့်သွင်းထားသည်။ ပြင်ပဌာနဝက်ဘ်ဆိုက်များနှင့် ပူးတွဲစာရွက်စာတမ်းများ၏ အကြောင်းအရာအပြည့်အစုံ မပါဝင်ပါ။
ပုံများသည် အစိုးရပေါ်တယ်မှ မူရင်းပုံများဖြစ်သည်။ ပုံအတွင်းရှိစာသားကို ဘာသာမပြန်ထားပါ။
Nagani မှ ရယူသည့်ရက် · 2026-10-18
အစိုးရပေါ်တယ် မူရင်း ↗