
အဖွဲ့အစည်းအသေးစိတ်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
Mandalay Region Government
ဤစာမျက်နှာ၏ မာတိကာ
ဖော်ပြထားသော မိတ်ဆက်စာ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဖွဲ့စည်းထားရှိမှု
(၁) ဦးမျိုးအောင် ဝန်ကြီးချုပ်
(၂) ဗိုလ်မှူးကြီးနေလင်းစိုး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
(၃) ဦးသိန်းဌေး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး
(၄) ဦးလှကြွယ် လူမှုရေးရာဝန်ကြီး
(၅) ဦးကျော်မိုးသက် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
(၆) ဦးလှမျိုး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး
(၇) ဒေါ်သင်္ဂီအောင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး
(၈) ဦးခင်မောင်အေး စည်ပင်သာယာရေးဝန်ကြီး
(၉) ဦးစိုင်းအောင်ကြည် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
(၁၀) ဦးလှသိန်း ဥပဒေချုပ်
(၁၁) ဦးဉာဏ်လင်းထွေး အတွင်းရေးမှူး
ဌာနအဖွဲ့အစည်း၏အကြောင်းအရာ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနခွဲ(၂)ခုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ဌာနခွဲ (၂)ခုမှာ ဌာနခွဲ(၃)နှင့် ဌာနခွဲ(၄)တို့ဖြစ်ကြပါသည်။
ဌာနခွဲ(၃)တွင် ဌာနစု(၅)နှင့် ဌာနစု(၆) ဟူ၍ ဌာနစု(၂)စု ရှိပါသည်။ ဌာနခွဲ(၄)တွင် ဌာနစု(၇)နှင့် ဌာနစု(၈)ဟူ၍ ဌာနစု(၂)စု ရှိပါသည်။
လုပ်ငန်းတာဝန်များ
ဌာနခွဲ(၃)၊ ဌာနစု(၅)၏လုပ်ငန်းတာဝန်များ
- ဝန်ကြီးချုပ်၏ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ
- နိုင်ငံတော်သမ္မတနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း
- နိုင်ငံခြားအဖွဲ့အစည်းများ၊NGO,UN အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးခြင်းများ
- ဝန်ကြီးချုပ် ပြည်တွင်းပြည်ပခရီးသွားလာခြင်းဆိုင်ရာကိစ္စရပ်များ
- အစည်းအဝေး၊ဆွေးနွေးပွဲ၊အခမ်းအနားတက်ရောက်ခြင်းကိစ္စရပ်များ
- ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၏ကိုယ်ရေးမှတ်တမ်းကိစ္စ
- ဝန်ထမ်းရေးရာကိစ္စရပ်များ
- လေ့ကျင့်ရေးကိစ္စရပ်များ
- စည်းရုံးရေးကော်မတီကိစ္စရပ်များ
- ပင်စင်ကိစ္စရပ်များ
- ထောက်ပံ့ကိစ္စရပ်များ
- ဝန်ထမ်းသက်သာချောင်ချိရေးကိစ္စရပ်များ
- မြေ/အဆောက်အဦကိစ္စရပ်များ
- ယာဉ်၊စက်ကိရိယာဆိုင်ရာကိစ္စရပ်များ
- ရုံးသုံးပရိဘောဂ၊ စာရေးကိရိယာဆိုင်ရာကိစ္စရပ်များ
- အစိုးရအဖွဲ့အစည်းအဝေးကျင်းပခြင်း၊ မှတ်တမ်းတင်ခြင်းကိစ္စရပ်များ
ဌာနခွဲ(၃)၊ ဌာနစု(၆)၏လုပ်ငန်းတာဝန်များ
(လုံခြုံရေးနှင့်နယ်စပ်ရေးရာ၊ စည်ပင်သာယာရေး)
- သက်ဆိုင်ရာဝန်ကြီးများ၏ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း
- ဝန်ကြီးများ၏ပြည်တွင်း၊ပြည်ပခရီးသွားလာခြင်းကိစ္စရပ်များ
- ဝန်ကြီးအချင်းချင်းဆက်သွယ်ညှိနှိုင်းရမည့်ကိစ္စရပ်များ
- သက်ဆိုင်ရာဝန်ကြီးများမှ ဝန်ကြီးချုပ်ထံတင်ပြသည့်ကိစ္စရပ်များ
- အစည်းအဝေး၊ဆွေးနွေးပွဲ၊အခမ်းအနားတက်ရောက်ခြင်းကိစ္စရပ်များ
ဌာနခွဲ(၄)၊ဌာနစု(၇)၏ လုပ်ငန်းတာဝန်များ
(စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၊ လျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး)
- သက်ဆိုင်ရာဝန်ကြီးများ၏ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း
- ဝန်ကြီးများ၏ပြည်တွင်း၊ပြည်ပခရီးသွားလာခြင်းကိစ္စရပ်များ
- ဝန်ကြီးအချင်းချင်းဆက်သွယ်ညှိနှိုင်းရမည့်ကိစ္စရပ်များ
- သက်ဆိုင်ရာဝန်ကြီးများမှ ဝန်ကြီးချုပ်ထံတင်ပြသည့်ကိစ္စရပ်များ
- အစည်းအဝေး၊ဆွေးနွေးပွဲ၊အခမ်းအနားတက်ရောက်ခြင်းကိစ္စရပ်များ
ဌာနခွဲ(၄)၊ဌာနစု(၈)၏လုပ်ငန်းတာဝန်များ
- ပညာရေး၊ကျန်းမာရေး၊ဘာသာရေး၊သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စများ
- သက်ဆိုင်ရာဝန်ကြီးများ၏ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း
- ဝန်ကြီးများ၏ပြည်တွင်း၊ပြည်ပခရီးသွားလာခြင်းကိစ္စရပ်များ
- ဝန်ကြီးအချင်းချင်းဆက်သွယ်ညှိနှိုင်းရမည့်ကိစ္စရပ်များ
- သက်ဆိုင်ရာဝန်ကြီးများမှ ဝန်ကြီးချုပ်ထံတင်ပြသည့်ကိစ္စရပ်များ
- အစည်းအဝေး၊ဆွေးနွေးပွဲ၊အခမ်းအနားတက်ရောက်ခြင်းကိစ္စရပ်များ
Website လိပ်စာ
ဝက်ဘ်ပေါ့(တယ်)
SOURCES & REVIEWရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
အမျိုးအစား ၈ ခုနှင့် အဖွဲ့အစည်း ၅၀ ၏ ပေါ်တယ်ပါစာသား၊ ဇယား၊ ပုံနှင့်လင့်ခ်များကို ထည့်သွင်းထားသည်။ ပြင်ပဌာနဝက်ဘ်ဆိုက်များနှင့် ပူးတွဲစာရွက်စာတမ်းများ၏ အကြောင်းအရာအပြည့်အစုံ မပါဝင်ပါ။
ပုံများသည် အစိုးရပေါ်တယ်မှ မူရင်းပုံများဖြစ်သည်။ ပုံအတွင်းရှိစာသားကို ဘာသာမပြန်ထားပါ။
Nagani မှ ရယူသည့်ရက် · 2026-10-18
အစိုးရပေါ်တယ် မူရင်း ↗