Contact us
MYANMAR / GOVERNMENT PROFILE

အဖွဲ့အစည်းအသေးစိတ်

ကရင်ပြည်နယ်အစိုးရအဖွဲ့

Kayin State Government

Nagani မှ ရယူသည့်ရက် · 2026-10-18မူရင်းဘာသာစကား · မြန်မာ
ဤစာမျက်နှာ၏ မာတိကာ

ဖော်ပြထားသော မိတ်ဆက်စာ

ကရင်ပြည်နယ်အစိုးရအဖွဲ့

ကရင်ပြည်နယ်နှင့် သက်ဆိုင်သည့် ရည်ရွယ်ချက်(Objective)၊ ရည်မှန်းချက်၊ မျှော်မှန်းချက် (Vision and Mission)နှင့် မူဝါဒ(Policy)တို့၏အချက်အလက်များ

ရည်ရွယ်ချက် (Objective)

(က) ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ အလုပ်အကိုင်ရရှိရေး၊ ဒေသအတွင်း ခရီးသွားလုပ်ငန်း၊ ငွေရေးကြေးရေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

(ခ) ကရင်ပြည်နယ်အစိုးရသည် ကရင်ပြည်နယ်တွင်း ဒေသခံပြည်သူများအားလုံး၏ သာယာဝပြောရေးနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားပါမည်။

(ဂ) ဒေသတွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်ရင်းဖြင့် ‌ဒေသခံပြည်သူများအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်။

မူဝါဒ(Policy)

(က)ပွင့်လင်းမြင်သာပြီး ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုစနစ်ဖြင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်၊

(ခ)ပုဂ္ဂလိကပိုင်အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ဒေသနေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊

(ဂ)လျှပ်စစ်ဓာတ်အား၊ လမ်းများစသည့် ပြည်နယ်၏အခြေခံစီးပွားရေး အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာစေရန်၊

(ဃ)နိုင်ငံရပ်ခြားမှ ပြန်လည်ဝင်ရောက်လာသော တိုင်းရင်းသားများ၏ နေထိုင်ရေး ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလန်းများ မြင့်မားသော စီးပွားရေးလုပ်ငန်းများကို ကာလတို အတွင်း ဦးစားပေးဆောင်ရွက်ရန်၊

(င)ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီတိုးတက်လာစေရန်၊

(စ)အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်ရန်၊ ငွေကြေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(ဆ)သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု အမွေအနှစ်များကို ပိုမို စောင့်ရှောက် ထိန်းသိမ်းရေးနှင့် သဘာဝ သယံဇာတ အရင်းအမြစ်များအား ရေရှည်ထိန်းသိမ်းလျက် ပြည်နယ်၏ စီးပွားရေးအခြေခိုင်မာလာစေရန်၊

(ဇ)ဒေသ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသတွင်းသာမက အိမ်နီးချင်းနိုင်ငံနှင့် ချိတ်ဆက်၍ ပူးပေါင်း ဆောင်ရွက်ရန်၊

(ဈ)တိုင်းရင်းသားလူငယ်များအား အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖွံ့ဖြိုးတိုးတက် တတ်မြောက်အောင် ဆောင်ရွက်၍ ဒေသတွင်း အလုပ်အကိုင်များ ပိုမိုရရှိလာစေရန်၊

(ည) ပြည်နယ်အတွင်း ငြိမ်းချမ်းသာယာပြီး တရားဥပဒေ စိုးမိုးမှု အပြည့်အဝ ရရှိစေရန်။

ရည်မှန်းချက် (Vission)

(က) နိုင်ငံတော်၏ စီးပွားရေး မူဝါဒများနှင့်အညီ ပြည်နယ်၏ စီပွားရေးမူဝါဒများ ချမှတ်အကောင်အထည်ဖော်ခြင်းဖြင့် ကရင်ပြည်နယ်သည် ပြည်သူကိုဗဟိုပြု၍ ပြည်သူများအားလုံး ပါဝင်နိုင်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာစေရန်၊

(ခ)ကရင်ပြည်နယ်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ရရှိစေရန်နှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဒေသနေပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်တစ်ခုလုံး ငြိမ်းချမ်းသာယာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊

(ဂ)ကရင်ပြည်နယ်အတွင်း ဒေသအနှံ့အပြားတွင် နေထိုင်သော တိုင်းရင်းသားများအားလုံး ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေသည့် စီးပွားရေး အခြေအနေကောင်းများ ရရှိရေး ဆောင်ရွက်ရန်၊

(ဃ)ပြည်နယ်အတွင်းစွမ်းဆောင်ရည်ပြည့်ဝသော လူငယ်မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်စေရန်။

မျှော်မှန်းချက် (Mission)

(က)ကရင်ပြည်နယ်တွင်း နေထိုင်သော ဒေသခံပြည်သူများအားလုံး နေထိုင်မှုအဆင့်အတန်း မြင့်မားရေးနှင့်စားဝတ်နေမှု ဖူလုံရန်၊

(ခ)အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးစေခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းလာစေရန်၊

(ဂ)ပြည်နယ်အတွင်း ငြိမ်းချမ်းသာယာပြီး တရားဥပဒေစိုးမိုးမှု အပြည့်အဝ ရရှိစေရန်၊

လယ်ယာကဏ္ဍကို အခြေခံ၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သော အသေးစားအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ၊

(ဃ)သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြင့် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်။

၁။ ဦးစောမြင့်ဦး

ပြည်နယ်ဝန်ကြီးချုပ်

၂။ ဗိုလ်မှူးကြီးစိုးမိုးဝင်း

ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး

၃။ ဦးညီညီဇော်

ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး

၄။ ဦးစောထွန်းအောင်

ပြည်နယ်လူမှုရေးရာဝန်ကြီး

၅။ ဦးစောမျိုးမြင့်

ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး

၆။ ဦးအောင်လွင်

ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး

၇။ ဦးစယဉ်ဌေး

ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး

၈။ ဦးစောခေါင်ပန်ထော့

ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး

၉။ ဦးတင်မောင်လှိုင်

ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး

၁၀။ ဦးမျိုးမြင့်နိုင်

မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး

၁၁။ ခွန်မြတ်ထူး

ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး

၁၂။ ဒေါ်နော်သန်းသန်းငြိမ်း

ပြည်နယ်ဥပဒေချုပ်

၁၃။ ဦးမင်းရွှေ

ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး

Website လိပ်စာ

SOURCES & REVIEW

ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်

အမျိုးအစား ၈ ခုနှင့် အဖွဲ့အစည်း ၅၀ ၏ ပေါ်တယ်ပါစာသား၊ ဇယား၊ ပုံနှင့်လင့်ခ်များကို ထည့်သွင်းထားသည်။ ပြင်ပဌာနဝက်ဘ်ဆိုက်များနှင့် ပူးတွဲစာရွက်စာတမ်းများ၏ အကြောင်းအရာအပြည့်အစုံ မပါဝင်ပါ။

ပုံများသည် အစိုးရပေါ်တယ်မှ မူရင်းပုံများဖြစ်သည်။ ပုံအတွင်းရှိစာသားကို ဘာသာမပြန်ထားပါ။

Nagani မှ ရယူသည့်ရက် · 2026-10-18

အစိုးရပေါ်တယ် မူရင်း ↗
← အစိုးရအဖွဲ့အစည်းစာရင်းသို့