
MYANMAR / GOVERNMENT PROFILE
အဖွဲ့အစည်းအသေးစိတ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
Ayeyarwaddy Region Government
ဤစာမျက်နှာ၏ မာတိကာ
ဖော်ပြထားသော မိတ်ဆက်စာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
လုပ်ငန်းတာဝန်များ
(က) ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ လုပ်ငန်းတာဝန်များအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
(၁) မူဝါဒ/ဥပဒေ/အစည်းအဝေးဌာနခွဲ
- (ကက) အစိုးရအဖွဲ့ဖွဲ့စည်းခြင်းနှင့်တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာကိစ္စ ရပ်များဆောင်ရွက်ခြင်း၊
- (ခခ) အမိန့်နှင့်ညွှန်ကြားချက်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း၊
- (ဂဂ) နိုင်ငံခြားဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း၊
- (ဃဃ) အစိုးရအဖွဲ့အစည်းအဝေး၊ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး နှင့် (၃) လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပခြင်း နှင့် မှတ်တမ်းတင်ခြင်းဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း၊
- (ငင) လွှတ်တော်နှင့်သက်ဆိုင်သည့်ကိစ္စရပ်များဆောင်ရွက်ခြင်း၊
- (စစ) ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
- (ဆဆ) ဥပဒေကြမ်းတင်သွင်းခြင်း၊ ဥပဒေထုတ်ပြန်ကြေငြာခြင်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခြင်း၊
- (ဇဇ) အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လစဉ်အစီရင်ခံစာပြုစုတင်ပြခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ (၆) လပတ်ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံ စာပြုစုတင်ပြခြင်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခြင်း၊
- (စျစျ) အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
- (ညည) ဒေသဆိုင်ရာအချက်အလက်ပြုစုခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
- ( ဋဋ ) အခြားပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း၊
(၂) အုပ်ချုပ်ထောက်ပံ့/ငွေစာရင်းဌာနခွဲ
- (ကက) ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်းကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
- (ခခ) ဖြည့်စွက်ငွေစာရင်းရေးဆွဲခြင်းကိစ္စရပ်များဆောင်ရွက်ခြင်း
- (ဂဂ) တိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေ တွင်ပါဝင်သော ဌာန ဆိုင်ရာများ၏ငွေစာရင်းကိစ္စရပ်များအားဆောင်ရွက်ခြင်း၊
- (ဃဃ) တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ မော်တော်ယာဉ် ကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊
- (ငင) တိုင်းဒေသကြီးအစိုးရအဖွဲ့ပိုင်မော်တော်ယာဉ်ကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊
- (စစ) ယာဉ်မောင်းများလစာတောင်းခံခြင်း/ထုတ်ပေးခြင်းကိစ္စရပ်များ အားဆောင်ရွက်ခြင်း၊
- (ဆဆ) ဥယျာဉ်မှူး၊ အိမ်အကူတို့၏ လစာများထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊
- (ဇဇ) အခြားပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း၊
(ခ) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးရုံး၏ လုပ်ငန်းတာဝန်များအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
- (၁) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာခြင်း ကိစ္စများကို ဆောင်ရွက်ခြင်း၊
- (၂) ထက်၊ အောက်ဌာနများ၊ ဘေးနံဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ချက် များ ကို ဝန်ကြီးချုပ်ထံ တင်ပြနိုင်ရန် စီမံဆောင်ရွက်ခြင်း၊
- (၃) တိုင်းဒေသကြီး အစိုးရအဖွဲ့၏ဝန်ကြီးအချင်းချင်း၊ ဝန်ကြီးဌာနအချင်းချင်း တို့နှင့် ပတ်သက်၍လည်းကောင်း၊ အထက်ဌာနများ၊ လက်အောက် ဌာနများနှင့် ပတ်သက်၍ လည်းကောင်း ဆက်သွယ်ညှိနှိုင်းရမည့်ကိစ္စများ ဆောင်ရွက်ခြင်း၊
- (၄) ဝန်ကြီးများမှ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများ၊ ဝန်ကြီးဌာနချင်း ချိတ်ဆက် ဆောင်ရွက်သည့် အစည်းအဝေးများနှင့် ဝန်ကြီးချုပ် တက်ရောက်၍ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများအတွက် တက်ရောက်ဆွေးနွေးနိုင်ရန် ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း
- (၅) တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် သက်ဆိုင်သောလုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၆) တိုင်းဒေသကြီးတရားလွှတ်တော်ရုံးနှင့် သက်ဆိုင်သောလုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်ခြင်း၊
- (၇) တိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် သက်ဆိုင်သောလုပ်ငန်းများအား ပေါင်းစပ် ဆောင်ရွက်ခြင်း၊
- (၈) အကျဉ်းဦးစီးဌာနနှင့် သက်ဆိုင်သောလုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၉) လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၁၀) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် သက်ဆိုင်သောလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၁၁) မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်သောလုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၁၂) အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ၎င်းကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များနှင့် ဆက်စပ်ဆောင်ရွက်သည့်ကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊
- (၁၃) မြို့ရွာများပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊
- (၁၄) အရေးကြီးပုဂ္ဂိုလ်များ၏ ခရီးစဉ်လမ်းညွှန်ချက်များနှင့်ပတ်သက်သည့် ကိစ္စရပ်များဆောင်ရွက်ခြင်း၊
- (၁၅) အခြားပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း၊ ၅
(ဂ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံး၏ လုပ်ငန်းတာဝန်များအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
- (၁) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၏ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာခြင်း ကိစ္စများကို ဆောင်ရွက်ခြင်း၊
- (၂) ထက်၊ အောက်ဌာနများ၊ ဘေးနံဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ချက် များ ကို ဝန်ကြီးချုပ်ထံ တင်ပြနိုင်ရန် စီမံဆောင်ရွက်ခြင်း၊
- (၃) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဝန်ကြီးအချင်းချင်း၊ ဝန်ကြီးဌာနအချင်းချင်း တို့နှင့်ပတ်သက်၍လည်းကောင်း၊ အထက်ဌာနများ၊ လက်အောက် ဌာနများနှင့် ပတ်သက်၍လည်းကောင်း ဆက်သွယ်ညှိနှိုင်းရမည့်ကိစ္စများဆောင်ရွက်ခြင်း၊
- (၄) ဝန်ကြီးများမှ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများ၊ ဝန်ကြီးဌာနချင်း ချိတ်ဆက်ဆောင်ရွက်သည့်အစည်းအဝေးများနှင့် ဝန်ကြီးချုပ် တက်ရောက်၍ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများအတွက် တက်ရောက်ဆွေးနွေး နိုင်ရန် ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း၊
- (၅) စာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက် ခြင်း၊
- (၆) စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၇) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၈) ပြည်တွင်းအခွန်းများဦးစီးဌာနနှင့်သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၉) စားသုံးသူရေးရာဦးစီးဌာနနှင့်သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၁၀) မြန်မာ့စီးပွားရေးဘဏ်နှင့်သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၁၁) ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့်သက်ဆိုင်သော လုပ်ငန်း များအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၁၂) ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့်သက်ဆိုင်သော လုပ်ငန်း များအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၁၃) အကောက်ခွန်ဦးစီးဌာနနှင့်သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၁၄) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၁၅) ဗဟိုစာရင်းအင်းအဖွဲ့နှင့်သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၁၆) ပင်စင်ဦးစီးဌာနနှင့်သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၁၇) မြန်မာ့အာမခံလုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၁၈) အခြားပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း၊
(ဃ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးရုံး၏ လုပ်ငန်းတာဝန်များအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
- (၁) စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၏ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာခြင်းကိစ္စများကို ဆောင်ရွက်ခြင်း၊
- (၂) ထက်၊အောက်ဌာနများ၊ ဘေးနံဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ချက် များကို ဝန်ကြီးချုပ်ထံ တင်ပြနိုင်ရန် စီမံဆောင်ရွက်ခြင်း၊
- (၃) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဝန်ကြီးအချင်းချင်း၊ ဝန်ကြီးဌာန အချင်းချင်း တို့နှင့်ပတ်သက်၍လည်းကောင်း၊ အထက်ဌာနများ၊ လက်အောက် ဌာနများနှင့် ပတ်သက်၍လည်းကောင်း ဆက်သွယ်ညှိနှိုင်းရမည့်ကိစ္စများ ဆောင်ရွက်ခြင်း၊
- (၄) ဝန်ကြီးများမှ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများ၊ ဝန်ကြီးဌာနချင်း ချိတ်ဆက်ဆောင်ရွက်သည့်အစည်းအဝေးများနှင့် ဝန်ကြီးချုပ် တက်ရောက်၍ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများအတွက် တက်ရောက်ဆွေးနွေးနိုင်ရန် ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း၊
- (၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းများ တာဝန်ခံကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၆) တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၇) တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၈) တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၉) အခြားပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း၊
(င) လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရုံး၏ လုပ်ငန်း တာဝန်များအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
- (၁) လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၏ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာခြင်းကိစ္စများကို ဆောင်ရွက်ခြင်း၊
- (၂) ထက်၊အောက်ဌာနများ၊ ဘေးနံဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ချက် များကို ဝန်ကြီးချုပ်ထံ တင်ပြနိုင်ရန် စီမံဆောင်ရွက်ခြင်း၊
- (၃) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဝန်ကြီးအချင်းချင်း၊ ဝန်ကြီးဌာန အချင်းချင်း တို့နှင့်ပတ်သက်၍လည်းကောင်း၊ အထက်ဌာနများ၊ လက်အောက် ဌာနများနှင့် ပတ်သက်၍လည်းကောင်း ဆက်သွယ်ညှိနှိုင်းရမည့်ကိစ္စများ ဆောင်ရွက်ခြင်း၊
- (၄) ဝန်ကြီးများမှ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများ၊ ဝန်ကြီးဌာနချင်း ချိတ်ဆက်ဆောင်ရွက်သည့်အစည်းအဝေးများနှင့် ဝန်ကြီးချုပ် တက်ရောက်၍ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများအတွက် တက်ရောက်ဆွေးနွေးနိုင်ရန် ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း၊
- (၅) မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် သက်ဆိုင်သောလုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၆) စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် သက်ဆိုင်သောလုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၇) မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သက်ဆိုင်သောလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၈) စက်မှုဇုန်များ၊ စက်ရုံများ၊ ရေနံမြေ၊ သဘာဝဓာတ်ငွေ့မြေတို့နှင့် သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၉) အခြားပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း၊
(စ) စည်ပင်သာယာရေးဝန်ကြီးရုံး၏ လုပ်ငန်းတာဝန်များအား အောက်ပါအတိုင်း ဖော်ပြ အပ်ပါသည်-
- (၁) စည်ပင်သာယာရေးဝန်ကြီး၏ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာခြင်းကိစ္စများကို ဆောင်ရွက်ခြင်း၊
- (၂) ထက်၊အောက်ဌာနများ၊ ဘေးနံဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ချက် များကို ဝန်ကြီးချုပ်ထံ တင်ပြနိုင်ရန် စီမံဆောင်ရွက်ခြင်း၊
- (၃) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဝန်ကြီးအချင်းချင်း၊ ဝန်ကြီးဌာန အချင်းချင်း တို့နှင့်ပတ်သက်၍လည်းကောင်း၊ အထက်ဌာနများ၊ လက်အောက် ဌာနများနှင့် ပတ်သက်၍လည်းကောင်း ဆက်သွယ်ညှိနှိုင်းရမည့်ကိစ္စများ ဆောင်ရွက်ခြင်း၊
- (၄) ဝန်ကြီးများမှ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများ၊ ဝန်ကြီးဌာနချင်း ချိတ်ဆက်ဆောင်ရွက်သည့်အစည်းအဝေးများနှင့် ဝန်ကြီးချုပ် တက်ရောက်၍ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများအတွက် တက်ရောက်ဆွေးနွေးနိုင်ရန် ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း၊
- (၅) စည်ပင်သာယာရေးအဖွဲ့အဆင့်ဆင့်နှင့် သက်ဆိုင်သောလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၆) သာသနာရေးဦးစီးဌာနနှင့် သက်ဆိုင်သော လုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၇) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သက်ဆိုင်သောလုပ်ငန်း များအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၈) ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် သက်ဆိုင်သောလုပ်ငန်း များအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၉) ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်နှင့် သက်ဆိုင်သောလုပ်ငန်း များအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၁၀) အခြားပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း၊
(ဆ) လူမှုရေးဝန်ကြီးရုံး၏ လုပ်ငန်းတာဝန်များအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
- (၁) လူမှုရေးဝန်ကြီး၏ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာခြင်းကိစ္စများကို ဆောင်ရွက်ခြင်း၊
- (၂) ထက်၊အောက်ဌာနများ၊ ဘေးနံဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ချက် များကို ဝန်ကြီးချုပ်ထံ တင်ပြနိုင်ရန် စီမံဆောင်ရွက်ခြင်း၊
- (၃) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဝန်ကြီးအချင်းချင်း၊ ဝန်ကြီးဌာန အချင်းချင်း တို့နှင့်ပတ်သက်၍လည်းကောင်း၊ အထက်ဌာနများ၊ လက်အောက် ဌာနများနှင့် ပတ်သက်၍လည်းကောင်း ဆက်သွယ်ညှိနှိုင်းရမည့်ကိစ္စများ ဆောင်ရွက်ခြင်း၊
- (၄) ဝန်ကြီးများမှ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများ၊ ဝန်ကြီးဌာနချင်း ချိတ်ဆက်ဆောင်ရွက်သည့်အစည်းအဝေးများနှင့် ဝန်ကြီးချုပ် တက်ရောက်၍ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများအတွက် တက်ရောက်ဆွေးနွေးနိုင်ရန် ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း၊
- (၅) ပညာရေးဆိုင်ရာလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၆) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဆိုင်ရာလုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်ခြင်း၊
- (၇) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဆိုင်ရာလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၈) အလုပ်သမားဝန်ကြီးဌာနဆိုင်ရာလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၉) ပြည်ထောင်စုရာထူးဝန်အဖွဲ့မှခေါ်ယူသည့် စာမေးပွဲဆိုင်ရာလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
- (၁၀) အခြားပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း၊
(ဇ) တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးရုံး၏ လုပ်ငန်းတာဝန်များအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
- (၁) တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး(၂)ဦး၏ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာ ခြင်းကိစ္စများကို ဆောင်ရွက်ခြင်း၊
- (၂) ထက်၊အောက်ဌာနများ၊ ဘေးနံဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ချက် များကို ဝန်ကြီးချုပ်ထံ တင်ပြနိုင်ရန် စီမံဆောင်ရွက်ခြင်း၊
- (၃) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဝန်ကြီးအချင်းချင်း၊ ဝန်ကြီးဌာန အချင်းချင်း တို့နှင့်ပတ်သက်၍လည်းကောင်း၊ အထက်ဌာနများ၊ လက်အောက် ဌာနများနှင့် ပတ်သက်၍လည်းကောင်း ဆက်သွယ်ညှိနှိုင်းရမည့်ကိစ္စများ ဆောင်ရွက်ခြင်း၊
- (၄) ဝန်ကြီးများမှ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများ၊ ဝန်ကြီးဌာနချင်း ချိတ်ဆက်ဆောင်ရွက်သည့်အစည်းအဝေးများနှင့် ဝန်ကြီးချုပ် တက်ရောက်၍ ဦးဆောင်ကျင်းပသည့် အစည်းအဝေးများအတွက် တက်ရောက်ဆွေးနွေးနိုင်ရန် ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း၊
- (၅) တိုင်းရင်းသားလူမျိုးရေးရာပြည်ထောင်စု၀န်ကြီးဌာနနှင့် သက်ဆိုင်သော လုပ်ငန်းများအားဆောင်ရွက်ခြင်း၊
- (၆) အခြားပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း၊
ဖွဲ့စည်းပုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လက်အောက်ရှိ ဌာန/ခွဲများ နှင့် လုပ်ငန်းတာဝန်များ အား အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လက်အောက်ရှိ ဌာန/ခွဲများ
- (က) ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
- (ခ) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးရုံး
- (ဂ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံး
- (ဃ) စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးရုံး
- (င) လျှပ်စစ်၊စွမ်းအင်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရုံး
- (စ) စည်ပင်သာယာရေးဝန်ကြီးရုံး
- (ဆ) လူမှုရေးဝန်ကြီးရုံး
- (ဇ) တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးရုံး
Website လိပ်စာ
SOURCES & REVIEWရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
အမျိုးအစား ၈ ခုနှင့် အဖွဲ့အစည်း ၅၀ ၏ ပေါ်တယ်ပါစာသား၊ ဇယား၊ ပုံနှင့်လင့်ခ်များကို ထည့်သွင်းထားသည်။ ပြင်ပဌာနဝက်ဘ်ဆိုက်များနှင့် ပူးတွဲစာရွက်စာတမ်းများ၏ အကြောင်းအရာအပြည့်အစုံ မပါဝင်ပါ။
ပုံများသည် အစိုးရပေါ်တယ်မှ မူရင်းပုံများဖြစ်သည်။ ပုံအတွင်းရှိစာသားကို ဘာသာမပြန်ထားပါ။
Nagani မှ ရယူသည့်ရက် · 2026-10-18
အစိုးရပေါ်တယ် မူရင်း ↗