
MYANMAR / COMMISSION & COMMITTEE PROFILE
ကော်မရှင်နှင့် ကော်မတီ အသေးစိတ်မိတ်ဆက်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
Yangon City Development Committee
ဤစာမျက်နှာ၏ မာတိကာ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- မြို့ပြစီမံကိန်းများ ရေးဆွဲခြင်း။
- မြေယာဆိုင်ရာ ကြီးကြပ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း။
- စီမံခန့်ခွဲခွင့်ရှိသောမြေ၊ မြေကွက်လပ်၊ အရန်မြေနှင့်လမ်းများ၌ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ၊ အိမ်၊ တဲများ ဆောက်လုပ်ခြင်းနှင့် ဆောက်လုပ်ရေးပစ္စည်းများ ပုံထားခြင်းကို တားဆီး၍ ဖြိုဖျက်၊ ဖယ်ရှား၊ ရွှေ့ပြောင်းခြင်း။
- ကော်မတီပိုင်မြေ၊ စီမံခန့်ခွဲခွင့်ရှိသောမြေနှင့် အရန်မြေတို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို ပြုပြင်မွမ်းမံခြင်း။
- လမ်းမကြီးများတစ်လျှောက် ယာဉ်ကြောခွဲကျွန်းများနှင့် လမ်းဘေးပလက်ဖောင်းများ စိမ်းလန်းစိုပြေရေးကို စီမံခန့်ခွဲခြင်း။
- အများပြည်သူသုံးဥယျာဉ်၊ ပန်းခြံ၊ ကစားကွင်း၊ အပန်းဖြေစခန်းများ ဆောင်ရွက်၊ ကြီးကြပ်၊ ထိန်းသိမ်းခြင်းနှင့် ဖျော်ဖြေရေးနေရာများ ပံ့ပိုးခြင်း။
- သင့်လျော်ရာနေရာများ၌ အများသုံးသန့်စင်ခန်းများ တည်ဆောက်ထိန်းသိမ်းခြင်း။
- တည်ဆောက်မည့်အဆောက်အအုံများ တည်ဆဲဥပဒေ၊ စည်းမျဉ်းများနှင့် ကိုက်ညီမှု စစ်ဆေး၍ ခွင့်ပြု၊ ငြင်းပယ်၊ တားမြစ်ခြင်းနှင့် ချိုးဖောက်သူကို အရေးယူခြင်း။
- ဒေသအလိုက် အဆောက်အအုံဆောက်လုပ်ရေးဇုန်၊ ကန့်သတ်နယ်မြေ၊ အဆောက်အအုံပုံစံ၊ ခွင့်ပြုဒီဇိုင်း၊ နေရာချထားမှု၊ အထပ်အရေအတွက်၊ မြေနယ်နိမိတ်နှင့်လမ်းနယ်နိမိတ်အကွာအဝေး၊ အခန်း၏အနည်းဆုံးဧရိယာနှင့် ဆောက်လုပ်ရေးပစ္စည်းများ သတ်မှတ်ခြင်း။
- အန္တရာယ်ရှိအဆောက်အအုံနှင့် အစိတ်အပိုင်းများ ပြုပြင်ဖယ်ရှားခြင်းနှင့် နေထိုင်ခွင့်ပြုခြင်း။
- ကော်မတီပိုင်အဆောက်အအုံများ ထိန်းသိမ်းခြင်း။
- ရန်ကုန်မြို့၏ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းခြင်း။
- ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ မီးသတ်ပစ္စည်းများ စီစဉ်ခြင်း၊ မီးဘေးအန္တရာယ်ရှိအဆောက်အအုံနှင့်တဲများ ဖြိုဖျက်ဖယ်ရှားခြင်း။
- စည်းမျဉ်းများနှင့်အညီ ယာဉ်သွားလာရာနေရာ၊ ယာဉ်ရပ်နားစခန်းနှင့် ကားရပ်နားကွင်းများ တည်ဆောက်ခြင်း။
- စည်ပင်သာယာအခွန်ကောက်ခံခြင်းနှင့် လုပ်ငန်းများကို ကော်မတီက တာဝန်ယူဆောင်ရွက်ခြင်း။ သင့်လျော်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်အား သင့်လျော်သောကာလအတွက် ကန်ထရိုက်၊ လေလံ၊ တင်ဒါ သို့မဟုတ် အခြားသင့်လျော်သောစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ တာဝန်ပေးနိုင်ခြင်း။
- အများသုံးလမ်း၊ လူကူးတံတား၊ မြေအောက်ပိုက်လိုင်း၊ တာတမံ၊ ကော်မတီစီမံခန့်ခွဲခွင့်ရှိသောချောင်း၊ ရေနုတ်မြောင်းနှင့် ရေဆိုင်ရာအခြေခံအဆောက်အအုံများ တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းခြင်း။
- လမ်းနယ်နိမိတ်အတွင်း အခြေခံအဆောက်အအုံများ နေရာချထားခြင်း။
- လမ်းများဖောက်လုပ်ခြင်း၊ လမ်း၏သဘောသဘာဝနှင့်အညီ စီမံခန့်ခွဲကြီးကြပ်ခြင်း၊ စည်းကမ်းသတ်မှတ်ခြင်းနှင့် အရေးယူခြင်း။
- လမ်းအမည်၊ အဆောက်အအုံနှင့်မြေ အမှတ်နှင့်အမည်သတ်မှတ်၍ အများပြည်သူသို့ အသိပေးခြင်း။
- စည်ပင်ဈေး၊ အများသုံးနေရာနှင့်အဆောက်အအုံ၊ လမ်း၊ ပန်းခြံနှင့်ဥယျာဉ်များတွင် မီးအလင်းရောင်နှင့်လမ်းမီးများ ဆောင်ရွက်ခြင်း။
- မြို့တော်၏ စီမံခန့်ခွဲခွင့်ရှိနယ်နိမိတ်အတွင်း ရေလုံလောက်စွာပေးဝေခြင်း။
- ရေလုံလောက်ရေးအတွက် ရေလှောင်ကန်၊ အဝီစိတွင်းနှင့် ရေပိုက်လိုင်း တည်ဆောက်ထိန်းသိမ်းခြင်း၊ ရေအရင်းအမြစ် ရှာဖွေအသုံးပြုခြင်း။
- အင်းလျားကန်၊ ကန်တော်ကြီးနှင့် အခြားကန်များ သန့်ရှင်းသပ်ရပ်စေရန် ထိန်းသိမ်းခြင်း။
- ရေဆိုးဆိုင်ရာ ထိန်းသိမ်း၊ ဆေးကြော၊ သန့်ရှင်း၊ ကြီးကြပ်ခြင်းနှင့် ရေဆိုးစနစ်တကျစွန့်ပစ်ရန် မိလ္လာစနစ် တည်ဆောက်ခြင်း။
- ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်း။
- မြေအောက်ရေ တူးဖော်၊ ထုတ်ယူ၊ ဖြန့်ဖြူးမှု စီမံခန့်ခွဲခြင်း။
- ပြည်သူ့ကျန်းမာရေး၊ ကျန်းမာရေးပညာပေးနှင့် ကာကွယ်ရေး ဆောင်ရွက်၍ သက်ဆိုင်ရာကျန်းမာရေးဌာနနှင့် ညှိနှိုင်းခြင်း။
- ရေတွင်း၊ ရေကန်နှင့် ရေနုတ်စနစ်များ သန့်ရှင်းရေးအတွက် လိုအပ်သောစီမံချက်များ သတ်မှတ်ကြီးကြပ်ခြင်း။
- ဈေးနှင့်လမ်းဘေးဆိုင်များ၌ ရောင်းချသော အစားအသောက်ထုတ်လုပ်မှု ကျန်းမာရေးနှင့်ညီညွတ်မှုကို စစ်ဆေးအရေးယူခြင်း။
- စည်ပင်ဈေးများ တည်ဆောက်၊ ထိန်းသိမ်း၊ စီမံခန့်ခွဲခြင်းနှင့် ပုဂ္ဂလိကဈေး၊ ဆိုင်၊ ကုန်တိုက်များ ကြီးကြပ်ခြင်း။
- ညစ်ညမ်း၊ စက်ဆုပ်ဖွယ်နှင့် စွန့်ပစ်ပစ္စည်းများ ဖယ်ရှားစွန့်ပစ်ခြင်း၊ လမ်းသန့်ရှင်းရေးနှင့် ခွေးလေခွေးလွင့်ရှင်းလင်းခြင်း။
- တိရစ္ဆာန်ထိန်းသိမ်းရေးရုံများ တည်ဆောက်၍ အန္တရာယ်ရှိတိရစ္ဆာန်များ ဖမ်းဆီးထိန်းသိမ်းရှင်းလင်းခြင်းနှင့် လေလွင့်တိရစ္ဆာန်များ ထိန်းသိမ်းခြင်း။
- ကျွဲ၊ နွားနှင့် အိမ်မွေးတိရစ္ဆာန်များကို စည်းကမ်းသတ်မှတ်၍ စီမံခန့်ခွဲအရေးယူခြင်း။
- အများပြည်သူစားသုံးရန် သားငါးထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကို စီမံခန့်ခွဲခြင်း။
- စားသုံးရန်မသင့်သောသားငါးနှင့် စက်ဆုပ်ဖွယ်၊ အန္တရာယ်ရှိပစ္စည်းများ ရောင်းချ၊ သယ်ဆောင်၊ သိုလှောင်၊ ထိန်းသိမ်းမှုကို တားမြစ်စစ်ဆေးခြင်း။
- နေ့စဉ်အမှိုက်ကို စနစ်တကျ စုဆောင်းစွန့်ပစ်၍ လိုအပ်သလို စီမံခန့်ခွဲခြင်း။
- အမှိုက်ပုံး၊ ကန်၊ အမှိုက်ကား၊ ထပ်ဆင့်လွှဲပြောင်းစနစ်နှင့် နောက်ဆုံးစွန့်ပစ်နေရာများ သတ်မှတ်၊ ရွှေ့ပြောင်း၊ ပိတ်သိမ်း၊ အခြားအသုံးပြုမှုတို့ကို စီမံခန့်ခွဲကြီးကြပ်ခြင်း။
- မြို့ဝန်းကျင်၏ ရေ၊ လေ၊ မြေ အရည်အသွေးထိန်းသိမ်းမြှင့်တင်ရန် စက်ရုံ၊ အလုပ်ရုံ၊ ယာဉ်၊ စက်ယန္တရားနှင့် လူတို့ထုတ်လုပ်မှုမှ အရည်၊ အမှိုက်နှင့်အခိုးအငွေ့များ ပြည်သူ့ကျန်းမာရေးအပေါ် ထိခိုက်မှုကို ကြီးကြပ်အရေးယူ၍ သက်ဆိုင်ရာအစိုးရဌာနများ၊ ပညာရှင်များနှင့် ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်ခြင်း။
- သင်္ဂြိုဟ်စက် တည်ဆောက်ခြင်း၊ သင်္ဂြိုဟ်ခွင့်နှင့် သင်္ချိုင်းဆိုင်ရာ စီမံခန့်ခွဲကြီးကြပ်ခြင်း။
- သုသာန်သတ်မှတ်၊ ရွှေ့ပြောင်း၊ ပိတ်သိမ်း၊ ဖျက်သိမ်းခြင်းနှင့် ဖျက်သိမ်းမြေကို အခြားအသုံးပြုခြင်းအား စီမံခန့်ခွဲကြီးကြပ်ခြင်း။
- အနှေးယာဉ်အမျိုးအစားအလိုက် စည်းကမ်းသတ်မှတ်၍ ယာဉ်နှင့်ယာဉ်မောင်းလိုင်စင် ထုတ်ပေးခြင်း၊ ကာလအလိုက်ရပ်ဆိုင်း၊ ပယ်ဖျက်ခြင်း၊ သက်တမ်းမတိုးလိုင်စင် ရပ်ဆိုင်းခြင်းနှင့် စည်းကမ်းမဲ့ယာဉ် စစ်ဆေး၊ ကြီးကြပ်၊ ဖမ်းဆီးအရေးယူခြင်း။
- လမ်းဘေးဆိုင်နှင့်ဈေးသည်များ စည်းကမ်းသတ်မှတ်၊ ကြီးကြပ်၊ အရေးယူခြင်း။
- တည်းခိုခန်း၊ အဆောင်၊ ပုဂ္ဂလိကအပေါင်ဆိုင်၊ ပွဲရုံနှင့် ပုဂ္ဂလိကရေပေးဝေရေးကုမ္ပဏီများ စစ်ဆေးခွင့်ပြုခြင်း။
- လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ လုပ်ငန်း သို့မဟုတ် ကြော်ငြာကို သတ်မှတ်ကာလအတွင်း ဖော်ပြခြင်းအတွက် ခွင့်ပြု၊ ရုပ်သိမ်း၊ ပယ်ဖျက်ခြင်းဆိုင်ရာ စည်းကမ်းများ သတ်မှတ်ခြင်း။
- ကော်မတီမူဝါဒအရ ဆောင်ရွက်ချက်၊ တားမြစ်ချက်နှင့် ပြစ်ဒဏ်များကို ရန်ကုန်မြို့နေသူနှင့် ဝင်ထွက်သူအားလုံးသို့ လူထုဆက်သွယ်ရေးနည်းမျိုးစုံဖြင့် အချိန်မီ အသိပေးခြင်း။
- ကော်မတီပိုင် ထုတ်လုပ်ရေးလုပ်ငန်းများ စီမံခန့်ခွဲခြင်း။
- ကော်မတီလုပ်ငန်းအတွက် လိုအပ်သောသုတေသန၊ ဥပဒေရေးရာနှင့် ပညာရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်း။
- လေလွင့်နေသော စိတ်ဝေဒနာရှင်၊ အရေပြားရောဂါရှိသူ၊ အိမ်ရာမဲ့ကလေးနှင့် တောင်းရမ်းသူများကို စောင့်ရှောက်ထိန်းသိမ်း၍ ပြန်လည်ထူထောင်ခြင်း။
ဌာနများ
- ကော်မတီရုံး
- အုပ်ချုပ်ရေးဌာန
- ဘဏ္ဍာရေးနှင့်စာရင်းဌာန
- တန်ဖိုးဖြတ်ဌာန
- အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)
- အင်ဂျင်နီယာဌာန (အဆောက်အအုံ)
- အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)
- အင်ဂျင်နီယာဌာန (ရေနုတ်မြောင်းစီမံခန့်ခွဲမှု)
- မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန
- ဈေးများနှင့် ကုန်စည်စင်တာဌာန
- တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန
- ယာဉ်၊ စက်ယန္တရားကြီး စီမံခန့်ခွဲရေးနှင့် ပြုပြင်ထိန်းသိမ်းရေးဌာန
- မြို့ပြမြေစီမံခန့်ခွဲမှုဌာန
- ကစားကွင်း၊ ပန်းခြံနှင့်ဥယျာဉ်ဌာန
- ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန
- ပြည်သူ့ကျန်းမာရေးဌာန
- မြို့ပြစီမံကိန်းဌာန
- လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန
ဝက်ဘ်ဆိုက်လိပ်စာ
ရရှိနိုင်သော အွန်လိုင်းဝန်ဆောင်မှုများ
- အွန်လိုင်းလုပ်ငန်းလိုင်စင် လျှောက်ထားခြင်း
- အွန်လိုင်းကြော်ငြာဆိုင်းဘုတ် လျှောက်ထားခြင်း
- မြေယာပုံစံများ အွန်လိုင်းတင်သွင်းခြင်း
- အဆောက်အအုံပုံစံများ အွန်လိုင်းတင်သွင်းခြင်း
- အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အွန်လိုင်းဝန်ဆောင်မှု
- တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန အွန်လိုင်းဝန်ဆောင်မှု
- ဈေးများနှင့် ကုန်စည်စင်တာဌာန အွန်လိုင်းဝန်ဆောင်မှု
SOURCES & REVIEWရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
ပေါ်တယ်စာရင်းရှိ အဖွဲ့အစည်း ၆ ခုလုံး၏ မိတ်ဆက်စာအပြည့်အစုံ၊ အဖွဲ့ဝင်စာရင်းဇယား ၁ ခုနှင့် တံဆိပ်၊ ဖွဲ့စည်းပုံအပါအဝင် ပုံ ၈ ပုံ ပါဝင်သည်။ စာရွက်စာတမ်း၊ ပြင်ပဝက်ဘ်ဆိုက်နှင့် အွန်လိုင်းဝန်ဆောင်မှုလင့်ခ်များကို ထိန်းသိမ်းထားသည်။ လင့်ခ်ပါဝက်ဘ်ဆိုက်နှင့် ပူးတွဲစာရွက်စာတမ်းများသည် ဤမိတ်ဆက်စာနှင့် သီးခြားဖြစ်သည်။
ပုံများသည် အစိုးရပေါ်တယ်မှ မူရင်းပုံများဖြစ်သည်။ ပုံအတွင်းရှိစာသားကို ဘာသာမပြန်ထားပါ။
Nagani မှ ရယူသည့်ရက် · 2026-10-18
အစိုးရပေါ်တယ် မူရင်း ↗