Contact us
MYANMAR / COMMISSION & COMMITTEE PROFILE

ကော်မရှင်နှင့် ကော်မတီ အသေးစိတ်မိတ်ဆက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

Anti-corruption Commission

Nagani မှ ရယူသည့်ရက် · 2026-10-18မူရင်းဘာသာစကား · မြန်မာ
ဤစာမျက်နှာ၏ မာတိကာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

(၁)ဌာနအဖွဲ့အစည်းအကြောင်းအရာ

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption-UNCAC) တွင် အဖွဲ့ဝင်နိုင်ငံအမှတ်စဉ် (၁၃၇)အဖြစ် ၂.၁၂.၂၀၀၅ ရက်နေ့၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀.၁၂.၂၀၁၂ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ တွင် နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အာဏာတည်ခဲ့ပါသည်။

ပထမအကြိမ်ပြင်ဆင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ ဥပဒေအမှတ်(၃၂/၂၀၁၄)ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် ပြင်ဆင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ဥပဒေအမှတ်(၃၃/၂၀၁၆)ဖြင့်လည်းကောင်း၊ တတိယအကြိမ် ပြင်ဆင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ဥပဒေအမှတ် (၁၈/၂၀၁၇)ဖြင့်လည်းကောင်း၊ စတုတ္ထအကြိမ် ပြင်ဆင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ ဥပဒေအမှတ် (၂၀/၂၀၁၈)ဖြင့်လည်းကောင်း၊ ပဥ္စမအကြိမ်ပြင်ဆင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ ဥပဒေအမှတ် (၅၄/၂၀၂၃)ဖြင့်လည်းကောင်း ထုတ်ပြန်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းဥပဒေကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

​​(၂)ကော်မရှင်ဖွဲ့စည်းခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ယခင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်)အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၀ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၆/၂၀၁၄)ဖြင့် ၂၅-၂-၂၀၁၄ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၂၉/၂၀၂၆ ဖြင့် ၁၀-၄-၂၀၂၆ ရက်နေ့တွင် စတုတ္ထအကြိမ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အား ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် အဖွဲ့ဝင် ၈ ဦး စုစုပေါင်း ၉ ဦး တို့ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အောက်ပါလုပ်ငန်းစဉ်များအား ဆောင်ရွက်ပါသည် -

(က)အဂတိလိုက်စားမှုများအား တားဆီးကာကွယ်ခြင်း

  • အစိုးရဌာနအဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုများ တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ သင်တန်းများ ကျင်းပပြုလုပ်ခြင်း၊
  • အခြေခံပညာကျောင်းသားများအတွက် ပညာပေးအစီအစဉ် ဆရာကိုင်စာအုပ်များ ပြုစုခြင်း
  • ပုဂ္ဂလိက ကဏ္ဍ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုများထံ အဂတိလိုက်စားမှုများ တားဆီးကာကွယ်ရေး အသိပညာပေးသည့် ဟောပြောပွဲများ ကျင်းပခြင်း။

URL: <https://www.accm.gov.mm/acc/index.php?route=cms/category&path=53>

(ခ)အဂတိလိုက်စားမှုများအား တိုက်ဖျက်ဆောင်ရွက်ခြင်း

  • အစိုးရဌာနများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ဌာနများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ကြရာတွင် အဂတိလိုက်စားမှုများ ရှိနေခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ခြင်း၊
  • တိုင်ကြားစာများအား ဖွဲ့စည်းထားသည့် တိုင်ကြားစာစိစစ်သုံးသပ်ရေးအဖွဲ့များမှ စိစစ်ပြီး အပတ်စဉ်ပြုလုပ်သည့် ကော်မရှင်အစည်းအဝေးတွင် ဆွေးနွေးခြင်း၊
  • တိုင်ကြားစာအပေါ် သတင်းအတည်ပြုချက် ရယူခြင်း၊
  • စုံစမ်းစစ်ဆေးခြင်း၊
  • စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား ကော်မရှင်အစည်း အဝေးတွင် ဆွေးနွေးဆုံးဖြတ်၍ ဥပဒေအကြံပြုချက် ရယူခြင်း၊
  • နိုင်ငံ့ဝန်ထမ်းဥပဒေအရသာ အရေးယူသင့်ကြောင်း တွေ့ရှိပါက သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပို့၍ အရေးယူစေခြင်း၊
  • ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိရပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲတင်ခြင်း။

URL: <https://www.accm.gov.mm/acc/index.php?route=cms/category&path=43>

URL: <https://www.accm.gov.mm/acc/index.php?route=cms/category&path=49>

(၃)ပြည်တွင်း/ပြည်ပ ပူးပေါင်းဆောင်ရွက်ခြင်း

  • အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးကိစ္စရပ်များအတွက် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်တန်းများ၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊
  • သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ UNCAC အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊
  • ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(United Nations Office on Drugs and Crime- UNODC) တို့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးကိစ္စရပ်များဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် ဆွေးနွေးပွဲများ ကျင်းပခြင်း၊
  • ပြည်ပနိုင်ငံများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များဆွေးနွေးခြင်း၊ နည်းစနစ်များမျှဝေခြင်း၊ နိုင်ငံအချင်းချင်း အကူအညီပေးသည့် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊
  • UNCAC အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေး လုပ်ငန်းများအတွက် UNODC နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ UNODC မှ UNCAC အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးပွဲ၊ သင်တန်းများပေးခြင်း၊UNCAC အကောင်အထည်ဖော်ရေးကိစ္စရပ်များအတွက် ဒေသဆိုင်ရာ နိုင်ငံများအကြား ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊
  • နားလည်မှုစာချွန်လွှာများ ရေးထိုးခြင်း။

URL:<https://www.accm.gov.mm/acc/index.php?route=cms/category&path=42>

(၄) ရည်ရွယ်ချက်

ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  • အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊
  • သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊
  • အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊
  • အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊
  • အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်၊
  • တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်။

(၅) ရည်မှန်းချက်နှင့် မျှော်မှန်းချက်(Vision)

နိုင်ငံတစ်၀န်းတွင် ပျံ့နှံ့နေသော အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူ လက်တွဲ၍ တွန်းလှန်တိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ဘ၀များ သာယာ၀ပြောလာစေရန်။

(၆) ကော်မရှင်၏ လုပ်ငန်းတာဝန်များ(Mission)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ်ခံယူလျက် အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အများပြည်သူ အသိပညာပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ရန်။

(၇) မူဝါဒ (Policy)

  • အဂတိလိုက်စားများကြောင့် ဖြစ်ပေါ်နေသော ပြည်သူ့ဘဏ္ဍာရန်ပုံငွေများ ဆုံးရှုံးမှုကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် လျော့ချနိုင်စေရန်။
  • အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် စနစ်တစ်ခုကဲ့သို့ နက်ရှိုင်းစွာပျံ့နှံ့နေသော အဂတိလိုက်စားမှု(Systemic Corruption) ကို သိသာထင်ရှားစွာ ကျဆင်းသွားစေရန်။
  • နိုင်ငံတော်ပိုင် ဘဏ္ဍာရန်ပုံငွေ ပစ္စည်းများနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများကိုထိရောက်စွာ အကာအကွယ်ပေးရန်။
  • အဂတိလိုက်စားမှု ကင်းရှင်းသော စီးပွားရေးနယ်ပယ် ဖြစ်ပေါ်လာစေရန်။
  • အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်း၊ ဥပဒေစိုးမိုးခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း လုပ်ငန်းတို့ကို ထိရောက်ခိုင်မာစွာဆောင်ရွက်ရန်။

FaceBook Page လိပ်စာ (Page Link)=> https://www.facebook.com/accmyanmar/

Website လိပ်စာ (Website Address) => www.accm.gov.mm

ဝန်ဆောင်မှုများ

လိပ်စာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

ရုံးအမှတ် (၅၆) ၊ နေပြည်တော်၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။

ဖုန်း+ ၉၅ ၆၇ ၈၁၀ ၃၃၄ ၇

အီးမေးလ်accm@accm.gov.mm

SOURCES & REVIEW

ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်

ပေါ်တယ်စာရင်းရှိ အဖွဲ့အစည်း ၆ ခုလုံး၏ မိတ်ဆက်စာအပြည့်အစုံ၊ အဖွဲ့ဝင်စာရင်းဇယား ၁ ခုနှင့် တံဆိပ်၊ ဖွဲ့စည်းပုံအပါအဝင် ပုံ ၈ ပုံ ပါဝင်သည်။ စာရွက်စာတမ်း၊ ပြင်ပဝက်ဘ်ဆိုက်နှင့် အွန်လိုင်းဝန်ဆောင်မှုလင့်ခ်များကို ထိန်းသိမ်းထားသည်။ လင့်ခ်ပါဝက်ဘ်ဆိုက်နှင့် ပူးတွဲစာရွက်စာတမ်းများသည် ဤမိတ်ဆက်စာနှင့် သီးခြားဖြစ်သည်။

ပုံများသည် အစိုးရပေါ်တယ်မှ မူရင်းပုံများဖြစ်သည်။ ပုံအတွင်းရှိစာသားကို ဘာသာမပြန်ထားပါ။

Nagani မှ ရယူသည့်ရက် · 2026-10-18

အစိုးရပေါ်တယ် မူရင်း ↗
← ကော်မရှင်နှင့် ကော်မတီစာရင်းသို့